0

ရန်ကုန်၊ နိုဝင်ဘာ ၂၀။

မြို့တွင်းပြေးဆွဲနေသော ဒိုင်နာယဉ်လိုင်းများ အပ်နှံမှု
နည်းပါးပြီး အပ်နှံသော ဒိုင်နာယာဉ်များကို Mini Bus သာတင်သွင်း ပြေးဆွဲခွင့်ပေးထား ကြောင်း မထသ
(ဗဟို)မှ သိရသည်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံရာတွင် ခရီးသည်တင်
ယာဉ်လိုင်းများ အပ်နှံမှုနည်းပါးပြီး အပ်နှံသောယာဉ်
လိုင်းများသည်လည်း ပုံမှန်ပြေးဆွဲနေသော လမ်းကြောင်း အတွင်း ပြေးဆွဲမှုနည်းကြောင်း မထသ (ဗဟို)မှ သိရသည်။

“ယာဉ်တိမ်းမှောက်မူ ဖြစ်စဉ်အများဆုံးက ဒိုင်နာယာဉ်တွေပဲ။
ဒီယာဉ်တွေက ကြံ့ခိုင်မှု မရှိတော့ဘူး။ ယာဉ်ပိုင်ရှင်တွေဆန္ဒ
အရ အပ်နှံမှု နည်း နေသေးတယ်” ဟု မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းများ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်များတွင်လည်း ဖေဖော်ဝါရီမှ
အောက်တိုဘာအထိ တိမ်း မှောက်မူ ၂၁၈ မှုအနက် ၆၆
မှုမှာ ဒိုင်နာယာဉ်များဖြစ်ကြောင်း ဒိုင်နာယာဉ်လိုင်း ၁၀၀ရှိပြီး
ယာဉ်စီးရေ ၂၁၃၉ စီးရှိကြောင်း မထသ(ဗဟို)မှ သိရသည်။

ရေးသားသူ- မေထက်မြင့်စိုး
တည်းဖြတ် -အေးငြိမ်းသူ

အေးချမ်းမွန် Credit To > People power https://www.facebook.com/excellencemedia

Post a Comment

 
Top