0


ရန်ကုန်၊ နိုဝင်ဘာ ၂၀

လေယာဉ်ပြေးလမ်းတွင် လိုအပ်သည့် နေရာကို အလိုအလျောက် ဆင်းသက်နိုင်မည့် Instrument Landing System ခေါ် Auto Pilot စနစ်ကို လေဆိပ် သုံးခုတွင် ၂၀၁၄ ခုနှစ် မတ်လခန့်တွင် ဂျပန် အကူအညီဖြင့် တပ်ဆင်မည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့် စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

ပုဂံ-ညောင်ဦးလေဆိပ်၊ ဟဲဟိုး လေဆိပ်နှင့် တာချီလိတ် လေဆိပ်တို့မှာ ခရီးသည် သွားလာမှု များသောကြောင့် ယင်းစနစ် တပ်ဆင်ရန် လျာထားကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ဆိုသည်။

လက်ရှိတွင် ပြည်တွင်း လေဆိပ်များကို ညပျံသန်းမှု ကန့်သတ် ထားပြီး လေယာဉ်များ နေ့ည ဆင်းသက်ရန်အတွက် Instrument Landing System တပ်ဆင်ရာတွင် လေယာဉ်ပြေးလမ်း အကျယ်မှာ ပေ ၁၅၀ ရှိရန် လိုအပ်ကာ လက်ရှိ ယင်းစနစ် တပ်ဆင်ရန် လျာထားသည့် လေယာဉ်ကွင်း များမှာ အကျယ်ပေ ၁၀၀ သာ ရှိသဖြင့် ထပ်မံတိုးချဲ့ရမည် ဖြစ်ကြောင်း ဦးကျော်စိုးက ဆက်လက်ပြောကြားသည်။

Instrument Landing System စနစ်သည် လေယာဉ်မောင်းသူက လေယာဉ်ကို ထိန်းဆင်းရန် မလိုအပ်ဘဲ ရာသီဥတု ဆိုးရွားသည့် အခြေအနေတွင်လည်း လိုအပ်သည့် နေရာကို Auto Pilot ဖြင့် ဆင်းသက်နိုင်သော လေယာဉ်ပြေးလမ်းစနစ် ဖြစ်ပြီး ယင်းစနစ် တပ်ဆင်ရန် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သုံးသန်းမှ လေးသန်းထိ ကုန်ကျနိုင်ကြောင်း လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့် စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် တာချီလိတ် လေဆိပ်တို့တွင် Instrument Landing System စနစ် တပ်ဆင်ထားကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

အေးချမ်းမွန် Credit To > The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top