နယူးယောက်(ရိုက်တာ)၊ နိုဝင်ဘာ ၂၀
နာမည်ကြီး ပေါ့ပ်ဘုရင်မ မက်ဒေါနားမှာ ၂၀၁၃ ခုနှစ်၏ ၀င်ငွေအမြင့်မားဆုံး အနုပညာရှင်စာရင်း၌ လေဒီ ဂါဂါနှင့် ဘွန်ဂျိုဗီတို့အား လွယ်ကူစွာကျော်ဖြတ် ခဲ့သည်ဟု နိုဝင်ဘာ ၁၉ ရက်က Forbes မဂ္ဂဇင်းကထုတ် ပြန်သောစာရင်းတွင် ဖော်ပြထားသည်။
မက်ဒေါနားသည် သူမ၏အောင်မြင်အကျော်ကြားဆုံး MDNA ဖျော်ဖြေရေးခရီးစဉ်မှ အမေရိကန်ဒေါ်လာ ၁၂၅ သန်းရရှိခဲ့သည့်အပြင် ဖျော်ဖြေပွဲများ၊ အ၀တ်အစားများနှင့် ရေမွှေးများရောင်းချခြင်းမှလည်း ၀င်ငွေ များစွာရရှိလျက်ရှိသည်။
“မက်ဒေါနားက 'Material Girl' လို့ အမည်ပေးထားတဲ့ ၀င်ငွေအကောင်းဆုံး သောအနုပညာရှင်စာရင်း မှာ ထိပ်ဆုံးကနေ ပြတ်ပြတ်သားသားဦးဆောင်နေပါတယ်”
အသက်(၂၇)နှစ်အရွယ် လေဒီဂါဂါမှာ ၎င်းင်းစာရင်း၏ ဒုတိယနေရာတွင် အမေ ရိကန်ဒေါ်လာ သန်း ၈၀ ဖြင့်ရပ်တည်လျက်ရှိပြီး ဘွန်ဂျိုဗီမှာမူ တတိယနေရာ၌ အမေရိကန်ဒေါ်လာ ၇၉ သန်းဖြင့် ရပ်တည်လျက်ရှိ သည်။
အသက် (၅၅) နှစ်အရွယ် မက်ဒေါနားကဲ့သို့ပင် လေဒီဂါဂါနှင့် ဘွန်ဂျိုဗီတို့မှာလည်း ဖျော်ဖြေရေးခရီးစဉ် များမှ ၀င်ငွေများစွာရရှိနေဆဲဖြစ်သည်။ ဂါဂါအနေဖြင့် နောက်ဆုံးဖျော်ဖြေရေးခရီးစဉ်မှ အမေရိကန်ဒေါ် လာ ၁၆၈ သန်းရရှိခဲ့ပြီး ယင်းပမာဏမှာ မျှော်မှန်းထားသည်ထက်နည်းပါးသည်
Forbes အနေဖြင့် ၎င်းစာရင်းတွင် ၂၀၁၂ ခုနှစ်ဇွန်လမှ ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ခန့်မှန်းဝင်ငွေအများ ဆုံးရရှိသော အနုပညာ ၂၅ ဦးအား ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်
အေးချမ်းမွန် Credit To > Mizzima - News in Burmese
Post a Comment