Home
»
နိုင်ငံရေး
» သိမ်းဆည်းခံလယ်မြေပြဿနာများ အစိုးရဖြေရှင်းမှုအလွန်နှေးကွေးဟု လွှတ်တော်အမတ်များဝေဖန်
ဝေမာသိမ့်| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၁၃ ခုနှစ်လယ်ယာမြေသိမ်း စုံစမ်းရေးကော်မရှင်၏ လေ့လာသုံးသပ်ချက်များ၊ တိုက်တွန်းချက်များကို အစိုးရက လိုက်ပါအကောင်အထည်ဖော်ခြင်း မရှိသည့်အတွက် လယ်မြေသိမ်းခံရမှုများတွင် အစိုးရဘက်မှတာဝန် မကျေဟု မကွေးတိုင်းကော်မရှင်အဖွဲ့ခေါင်းဆောင် ဦးလှဆွေက ဝေဖန်လိုက်သည်။“ကော်မရှင်တွေရဲ့ သုံးသပ်ချက်တွေကို ဘာတစ်ခုမှလိုက်နာတာမရှိဘူး။ မကွေးမှာဆိုရင် အမှု ၃၀၀ ကျော်စိစစ်ပြီးပြီ။ ဘာတစ်ခုမှ အကောင်အထည်ပေါ်မလာဘူး။ ဒါကြောင့် ကော်မရှင်ကလည်း ဘာမှလုပ် လို့မရဘူး။ အစိုးရကကျွန်တော်တို့ရဲ့ အကြံပြုသုံးသပ်ချက်တွေကို လိုက်နာဖို့လိုတယ်။ ကော်မရှင်က တော့တာဝန်ကျေတယ်။ အစိုးရက တာဝန်မကျေဘူး။ အစိုးရက လုပ်မယ်၊ မလုပ်ဘူး ဘာမှမပြောဘူး” ဟု ဦးလှဆွေက မဇ္ဈိမကို ပြောသည်။
ကော်မရှင်မှစစ်ဆေးစုံစမ်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း အစိုးရဘက်က တုံ့ပြန်အရေးတယူလုပ်ခြင်း မရှိသည့်အတွက် ကော်မရှင်ကို အယုံအကြည်လျော့နည်းလာမှုများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ဦးလှဆွေက ပြောသည်။
“ဒီလိုလုပ်နေရင် ပြည်သူတွေကကော်မရှင်ကိုလည်း အယုံအကြည်ရှိမှာမဟုတ်ဘူး။ အစိုးရကိုလည်း အယုံအကြည်ရှိမှာ မဟုတ်ဘူး”ဟု ဆိုသည်။
အလားတူပင် လယ်သိမ်းစုံစမ်းစစ်ဆေးရေးကော်မရှင် ရန်ကုန်တိုင်း၏အဖွဲ့ခေါင်းဆောင် ဦးအောင်သိန်း လင်းကလည်း ပြည်ထောင်စုလွှတ်တော်တွင် ကော်မရှင်သို့တိုင်ကြားသည့် တိုင်စာများ၏ လေ့လာသုံး သပ်ချက်အစီရင်ခံစာများကို တင်ပြထားသည်မှာသုံးကြိမ်တိုင်ရှိပြီဖြစ်သော်လည်း အစိုးရကလိုက်ပါ အကောင်အထည်ဖော်မှုမရှိဟု ဆိုသည်။
“အစိုးရအဖွဲ့အနေနဲ့ စိစစ်မှုတွေနှေးတယ်။ အခုထိတင်လိုက်တဲ့ အစီရင်ခံစာတွေက အဖြေမပေါ်သေး ဘူး” ဟု ဦးအောင်သိန်းလင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုများနှင့်ပတ်သက်၍ တိုင်ကြား စာများအဆက်မပြတ်ရောက်ရှိနေပြီး လွှတ်တော်ရပ်နားချိန်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိ သည်။ ကျန်ရှိသည့် တိုင်စာများအပြင် ထပ်မံရောက်ရှိသည့်တိုင်စာများကို ဆက်လက်စုံစမ်းစစ်ဆေးနေရ သည့်အတွက် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံသည့်အစီရင်ခံစာများ၏ နောက်ဆက်တွဲများအဖြစ် ထပ်မံပေးပို့နေရသည်ဟုလည်း ဦးအောင်သိန်းလင်းက ပြောသည်။
ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ခွဲမှ နိုဝင်ဘာ ၁၉ ရက်တွင် တိုက်ကြီးမြို့နယ်မှ တိုင်ကြားလာသည့် အမှု ၅၄ မှုကို သွားရောက်စုံစမ်းမှုများပြုလုပ်ခဲ့ရာအများစုမှာ ကုမ္ပဏီ၊ စစ်တပ်၊ ဆည်စီမံကိန်းများကြောင့် သိမ်း ဆည်းခံရသည့်အမှုများဖြစ်နေသည်ဟု ဦးအောင်သိန်းလင်းကပြောသည်။
လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းစစ် ဆေးရေးကော်မရှင်က ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် တိုင်စာ ၅,၄၄၁ မှုကို စုံစမ်းစစ်ဆေးသုံးသပ်မှုများပြုလုပ်ခဲ့ပြီးဖြစ်သည်။
အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia
Post a Comment