စိုးသန်းလင်း၊ မင်းမင်း| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၁၃ ခုနှစ်
သဘာဝသယံဇာတနှင့် သက်ဆိုင်သည့် စက်မှုလုပ်ငန်းများကိုဆောင်ရွက်ရ
ရင်းနှီးမြှုပ်နှံမှုများသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်
နိုဝင်ဘာ ၂၀ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင်ပြုလုပ
အစိမ်းရောင်စီးပွားရေးသည် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို အထောက်အကူပြုနိုင်သည့် အရာဟုလည်း ၀န်ကြီးကဆိုသည်။
အစိမ်းရောင်စီးပွားရေးသည် သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်နှင့် လူမှုဘ၀များအပေါ် ထိခိုက်မှုမရှိစေသည့် ဥပမာအားဖြင့် လေထဲသို့ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချထုတ်လုပ်စေသည့် လုပ်ငန်းမျိုးဖြစ်သည်။
ဝန်ကြီး၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပည
ယခုလက်ရှိ အကောင်အထည်ဖော်နေသည့် လူအများကန့်ကွက်မှုရှိနေသည့် စီမံကိန်းများကိုရည်ညွှန်း ကာ “အခုလုပ်မယ်ဆိုတာကတော့ ယုတ်္တိရှိပါတယ်။ အရင်ဟာတွေက ထင်ရာစိုင်းနေတာ။ ဘာမှ EIA တွေ SIA တွေလုပ်တာ မဟုတ်ဘူး” ဟု ဆက်ပြောသည်။
“အရင်တုန်းကဘာမှမလုပ်ဘူး။ အခုပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတွေ ဆွဲထားတယ်။ အဲ့အထဲက အတိုင်း မျက်နှာမလိုက်ဘူး။ သတ်္တိရှိရှိလုပ်မယ်ဆိုရင်တော့ မဆိုးဘူး။ အခုအတိုင်းဆိုရင်တော့ ဗမာပြည် က အကုန်ပြောင်သွားမှာ” ဟု ဦးအုန်းက မဇ္ဈိမကိုပြောသည်။
သမ္မတကလည်း နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူပြုရန်မှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်မည့် အစိမ်းရောင်စီးပွားရေးအဖြစ် မဖြစ်မနေအသုံးပြုရမည်ဟု ပြောဆိုသွားသည်။
ယင်းအပြင် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန်လည်း သမ္မတက တိုက်တွန်းသွားသေးသည်။
လက်ရှိတွင် နိုင်ငံအကျယ်အ၀န်း၏ တစ်ဝက်နီးပါးကို သစ်တောများဖုံးလွှမ်းလျက်ရှိနေသေ
အေးချမ်းမွန် Credit To > Mizzima - News in Burmese
Post a Comment