Home
»
အားကစား
» ရန်ကုန်ပရိသတ်တို့ SEA Games ကြည့်နိုင်ရန် ကားများစီစဉ်ထား
ဟိန်းကိုစိုး| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၁၃ ခုနှစ်မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ရန်ကုန်တွင်ပြုလုပ်မည့် ကစားပွဲများကိုကြည့်ရှုလိုသည့် ပရိသတ်များသွားလာရေး အဆင်ပြေစေရန် မော်တော်ယာဉ် ၁၆၃၆ စီး နေ့စဉ်အသုံးပြု ပို့ဆောင်သွားရန်စီစဉ်ထားသည်ဟု မော်တော်ယာဉ်လိုင်း ပေါင်းစုံကြီးကြပ် ထိန်းသိမ်းရေးကော်မတီ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
ပြိုင်ပွဲများစတင်ယှဉ်ပြိုင်ချိန်မှ ပြီးဆုံးသည်အထိ အဆိုပါယာဉ်များကိုထပ်တိုးပြေးဆွဲပေးမည်ဖြစ်ပြီး ပုံမှန် ပြေးဆွဲနေသည့် ယာဉ်လိုင်းများကိုလည်း ရပ်နားရန်မရှိဟု ၎င်းကဆိုသည်။
“မြောက်ဒဂုံကိုတော့ တက္ကစီတွေထားထားပေးတယ်။ တခြားနေရာတွေမှတော့ လိုင်းကားတွေကို အဆက်မပြတ် စီစဉ်ပေးထားတယ်”ဟု ဦးလှအောင် ရှင်းပြသည်။
အားကစားရုံများတွင် စင်းလုံးငှားတက္ကစီ ၂၁၅ စီး ထားရှိမည်ဖြစ်ပြီး ပုံမှန်ယာဉ်စီးခနှုန်းထားများထက် ပိုမိုကောက်ခံခြင်းမပြုနိုင်ရန်နှုန်းထားသတ်မှတ်ပေးထားသည်ဟု ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကော်မတီအတွင်းရေးမှူး ရန်ကုန်တိုင်းပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှူး ဦးအေးသန်းက ပြောသည်။ လိုင်းကားများ၏ ယာဉ်စီးခနှုန်းထားများကိုလည်း မူလအတိုင်းသာကောက်ခံသွားရန် မ.ထ.သ က စီစဉ်ထားသည်။
ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာတွင် အားကစားနည်းခုနစ်မျိုး၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်း၊ သုဝဏ္ဏဘောလုံးကွင်း၊ သိမ်ဖြူတင်းနစ်အားကစားပြိုင်ကွင်း၊ သိမ်ဖြုဟော်ကီကွင်း၊ မြောက်ဒဂုံရှိ အား ကစားပြိုင်ပွဲရုံ တို့တွင် အလေးမ၊ ဟော်ကီ၊ ဘောလုံး၊ နဘန်း၊ ဘန်တို၊ သေနတ်ပစ်နှင့် ကာယဗလ အားကစားနည်းများကို ဒီဇင်ဘာလ ၁၁ ရက်မှ ၂၂ ရက်ထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အေးချမ်းမွန် Credit To > Mizzima - News in Burmese https://www.facebook.com/excellencemedia
Post a Comment