ဖြူဖြူဇင်| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၁၃ ခုနှစ်
ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ဖိတ်ခေါ်ရန် ဉဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် (IP)ကို မှတ်ပုံတင်ခြင်း၊ လိုက် နာကျင့်သုံးခြင်း၊ အရေးယူဆောင်ရွက်ခြင်းနှင့် ကုန်သွယ်ရေးလုပ်ငန်းစဉ်များတွင်
နိုဝင်ဘာ ၁၈ မှ ၂၀ ရက်အတွင်း စီးပွားရေးရာ ဒုတိယ၀န်ကြီး ဦးဆောင်သည့်အဖွဲ့တွင် လာရောက် သည့်လုပ်ငန်းရှင်များက တိုက်တွန်းခြင်းဖြစ်သည်ဟု ကောင်စစ်ဝန်မစ္စစ်ကော်ရင်း ဟန်ချိုပဂ္ဂနာမီက မဇ္ဈိမကို ပြောသည်။
ယင်းအဖွဲ့တွင် ဆေးဝါးလုပ်ငန်း၊ အာဟာရ၊ ဆောက်လုပ်ရေးလုပ်ငန်းတို့မှ လုပ်ငန်းရှင်ကိုယ်စားလှယ် များ ပါဝင်သည်။
မြန်မာနိုင်ငံတွင် စီးပွားရေးစတင်လုပ်ကိုင်ရန် အခက်အခဲများရှိနေသည်ကို ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထား သည်။
မြန်မာနိုင်ငံတွင် ဉဏဆိုင်ရာမူပိုင် ခွင့်များနှင့်ပတ်သက်၍ အားနည်းနေပြီး ယင်းကို ကာကွယ်ပေးနိုင်ခြင်း မရှိပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဉဏဆိုင်ရာမူပိုင်ခွင့်များသည် နိုင်ငံစီးပွားရေး၏ မောင်းနှင်အားဖြစ်သည်။ မြန်မာနိုင်ငံတွင် တစ်ဦးချင်း ၀င်ငွေတိုးရန် နှင့် စုစုပေါင်းပြည်တွင်းထုတ်ကုန်ပမာ
“ဉဏဆိုင်ရာမူပိုင်ခွင့်တွေ မရှိရင်၊ ဥပဒေအရ ကာကွယ်မပေးနိုင်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဆွစ်ဇာလန် လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် စီးပွားရေးပြုလုပ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဆွစ်ဇာလန်နိုင်ငံသည် တစ်ဦးချင်းဝင်ငွေနှင့် စုစုပေါင်း ပြည်တွင်းထုတ်ကုန်မြင့်မားပြီး ကမ္ဘာ့အချမ်းသာ ဆုံးနိုင်ငံများတွင်ပါဝင်သော နိုင်ငံတစ်ခုဖြစ်သည်။
ယခုနှစ် အောက်တိုဘာလကုန်အထိ ဆွစ်ဇာလန်နိုင်ငံက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၈၂ တန် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားသည်။
မြန်မာ-ဆွစ်ဇာလန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ဖြစ်နိုင်ချေရှိသော စီးပွားရေး ကဏ္ဍများ သတ်မှတ်နိုင်ရန်၊ စီးပွားရေး၊ရင်းနှီးမြှုပ်နှံမှု
လာမည့်နှစ်တွင် ဆွစ်ဇာလန်နိုင်ငံ၌ ၎င်းကိစ္စများကို ဆက်လက်ဆွေးနွေး အကောင်အထည်ဖော်မည် ဖြစ်သည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နေထိုင်အလုပ်လုပ်ကိုင်ခွင့်၊ ဈေးကွက်ရရှိမှု၊ ကုန်သွယ်မှု လွယ်ကူချော မွေ့ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မူဘောင်၊ အစိုးရ၏ ပစ္စည်းဝယ်ယူရေးလုပ်ငန်း၊ ဉဏ ပစ္စည်းမူပိုင် ခွင့်၊ အခြေခံအဆောက်အအုံ၊ ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်းဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင် ခြင်း၊ အလုပ်သမားရပိုင်ခွင့်၊ လူမှုရေးဆိုင်ရာ တာဝန်ယူမှုနှင့် ရေရှည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စသည် တို့ကိုလည်း ဆွေးနွေးခဲ့သည်။
အေးချမ်းမွန် Credit To > Mizzima - News in Burmese
Post a Comment