0


Tuesday, November 26, 2013

အင်ဒိုနီးရှားနှင့် သြစတြေးလျ နိုင်ငံတို့အကြား သံတမန်ရေးဆိုင်ရာ အဆင်မပြေမှု တစ်ရပ်ဖြစ်ပွား ခဲ့ပြီးနောက် သြစတြေးလျရဲတပ်ဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းခဲ့ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။ သမ္မတ၏ ညွှန်ကြားချက် အရ လူကုန်ကူးမှုဆိုင်ရာပူးပေါင်း ဆောင်ရွက်မှု ရပ်ဆိုင်းခဲ့ကြောင်းနှင့် အင်ဒိုနီးရှား ရဲတပ်ဖွဲ့အနေဖြင့် ညွှန်ကြားချက် အသစ်များအား စောင့်ဆိုင်းနေကြောင်း အင်ဒိုနီးရှားရဲချုပ် Sutarma က နိုဝင် ဘာ ၂၄ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံသည် ၂ဝဝ၉ ခုနှစ်အတွင်း အင်ဒိုနီးရှား ခေါင်းဆောင်များ၏ တယ်လီဖုန်းခေါ်ဆိုမှုများအား ကြားဖြတ်ဖမ်းယူ နားထောင်ခဲ့ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA) ၏ ဝန်ထမ်းတစ်ဦးဖြစ်သူ အဒ်ဝပ်စနိုဒန်က ဖွင့်ချခဲ့ပြီးနောက် နှစ် နိုင်ငံအကြား သံတမန်ဆက်ဆံရေး အဆင်မပြေမှု ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားရဲတပ်ဖွဲ့ အနေဖြင့် လှေစီးနိုင်ငံရေး ခိုလှုံခွင့် ရရှိရန် ကြိုးပမ်းသူများ၏ နိုင်ငံရေး ဆိုင်ရာကိစ္စရပ် အပါအဝင် သြစတြေးလျနှင့် စစ်ရေးနှင့် ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းကြောင်း သမ္မတ ဆူစီလိုဘမ်ဘန်းယူဒိုရိုနိုက ကြေ ညာခဲ့ပြီးနောက် တိကျသော လမ်းညွှန်ချက်များ ရရှိခဲ့ခြင်းမရှိကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က အစောပိုင်းတွင် ပြောကြားခဲ့သည်။

အေးချမ်းမွန် Credit To >မြ၀တီ

Post a Comment

 
Top