နေ့စဉ် အင်တာနက်သုံးစွဲကြသူများသည် လူမှုကွန်ရက်များကို သုံးစွဲမှု အလွန်မြင့်မားလျက်ရှိပြီး ငွေကြေး ရန်ပုံငွေလှူဒါန်းသည့် စာမျက်နှာများသို့ ၀င်ရောက်ကြည့်ရှုခြင်းပင် မရှိကြကြောင်း ဒေးလီးမေးလ်သတင်း စာတွင်
နိုဝင်ဘာ ၂၇ ရက်က ဖော်ပြထားသည်။ လူဦးရေတစ်သောင်းတွင် တစ်ယောက်ပင်လျှင် လည်ပတ်ခြင်းနှင့် လှူဒါန်းခြင်းများ မပြုလုပ်ကြသည့်အတွက် ရန်ပုံငွေ ၀က်ဘ်ဆိုက်များသည် ရေရှည်ရပ်တည်ရန် လွန်စွာခဲ ယဉ်းလာ လျက်ရှိသည်။ သို့ရာတွင် နည်းပညာကျွမ်းကျင် သူတို့မှ သုံးစွဲသူများ သဘောကျကြသော၊ လည်ပတ်ဝင်ရောက်မှု အများဆုံးဖြစ်သည့် ဖေ့စ်ဘွတ်၊ တွစ်တာတို့နှင့် ချိတ်ဆက်ကာ ငွေကြေးရန်ပုံငွေ ကောက်လှူမှုကို ဆက်လက် ရပ်တည်သွားရန် အကြံဉဏ်ပေးထားသည်။
လေ့လာမှုစစ်တမ်းတစ်ရပ်အရလည်း ထိုသို့ လူမှုကွန်ရက်များတွင် ၀င်ရောက် အလှူငွေ ကောက်ခံမှုသည် လူမှုကွန်ရက်များ၏ ရပ်တည်ချက်နှင့်မူဝါဒကို မထိခိုက်စေသဖြင့် အကောင်းဆုံး အကြံဉဏ်တစ်ခုဖြစ်နိုင် ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြပါသည်။
ကမ္ဘာအနှံ့၌ရှိသော အနာကြီးရောဂါသည်များ၊ ခုခံအားကျဆင်းမှုရောဂါသည်များ၊ တတိယကမ္ဘာတွင် ရှိသော ပညာရေးနိမ့်ကျမှုများ၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး စသည့် ရန်ပုံငွေဆိုဒ်များစွာထဲကမှ ၀ါသနာ ရှင်များ နှင့် တစ်သီးပုဂ္ဂလ ၀က်ဘ်ဆိုဒ်ထက်ဝက်ခန့် သည် ယမန်နှစ်အတွင်း ပိတ်သိမ်းခဲ့ရပြီး ကျန်ရှိ သော ဆိုဒ်များမှာ ကမ္ဘာ့အဖွဲ့အစည်းကြီးများမှ ကူညီပံ့ပိုးသော စာမျက်နှာများနှင့် NGO စာမျက်နှာတချို့ တို့သာ တင်ကျန်ရှိနေကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Mizzima - News in Burmese < Thankhttps://www.facebook.com/
Post a Comment