0
Friday, 22 November 2013

မကွေးတိုင်း ဒေသကြီး မင်းလှမြို့ နယ် ဒဟတ်ပင် ရေနံမြေ လုပ်ကွက် အမှတ် (၅) MOGE ရုံး၏ အနောက်မြောက်ဘက် လေးဖာလုံခန့် အကွာရှိ
ယာပိုင်ရှင် ဦးကျော်တိုးမောင် ၃၂ နှစ် (ဘ) ဦးညွန့်မောင် အုတ်ပုံ ကျေးရွာ မင်းလှမြို့နယ် ယာထဲတွင် ယမန်နေ့ နံနက် ၁၁ နာရီ မိနစ် ၂ဝ က ရေနံလုပ်သား ဝင်းမင်းဌေး (ခ) ဖိုးပြည့် ၂ဝ နှစ် (ဘ) ဦးကြည်ငွေ သင်းမရွာ မြိုင်မြို့ နေသူသည် ရေနံခပ်စဉ် ရေနံခွက် သံကိုင်းနှင့် ရေနံတွင်း သံပိုက်တို့ ပွတ်တိုက်မိ ရာမှ မီးပွင့်ကာ မီးစတင် လောင်ကျွမ်းခဲ့သည်။

မီးလောင်မှု ဖြစ်ပွားရာသို့ ပြည်သူ ၂၅ ဦး၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊ MOGE ဝန်ထမ်း လေးဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ဝ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၄ဝ တွင် မီးငြှိမ်းသတ် နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် စက်ကလပ်ခုံ တစ်ခုံ၊ ရေနံစိမ်း ငါးပီပါ မီးလောင်ကျွမ်းသွားခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ခုနစ်သိန်းခွဲခန့် ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဝင်းမင်းဌေး(ခ) ဖိုးပြည့်အား မင်းလှရဲစခန်းမှ (ပ) ၁၃၅/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူ ထားရှိကြောင်း သိရသည်။

အေးချမ်းမွန် Credit To > မြ၀တီ https://www.facebook.com/excellencemedia

Post a Comment

 
Top