အောင်ကြီး
မဲဆောက် ၊ နိုဝင်ဘာ ၂၁ ။ ။ ဆီးဂိမ်း အတွက် ထိုင်းနိုင်ငံ မှ အားကစား ပစ္စည်းများနဲ့ အိုင်တီပစ္စည်းများ အပါအဝင် အမေရိကန်ဒေါ်လာ နှစ်သန်းဖိုးနှင့်ညီမျှသော အား ကစား ပစ္စည်းများပေးအပ်ပွဲကို နိုဝင် ဘာ ၁၉ရက်က မဲဆောက်မှ တစ် ဆင့် မြဝတီဘက်သို့ လွှဲပြောင်းပေး လိုက်ကြောင်း သိရသည်။
ယင်းအားကစားပစ္စည်းများ ကို တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး မစ္စ တာဆူရိယပဆာဗန်ဒေ့က မြန်မာ နိုင်ငံ အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူး ဦးမြသွင် သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
တာ့ခ်ခရိုင်ညွှန်ကြားရေးမှူး က ''အာဆီယံအိမ်နီးချင်းဖြစ် တဲ့ မြန်မာနိုင်ငံ SEA GAMES ကို အိမ်ရှင်အဖြစ် မကျင်းပခဲ့ တာ နှစ် ပေါင်း ၄ဝကျော်ပါပြီ။ ဒီအတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး ခိုင်မြဲဖို့ အတွက် ကူညီတာပါ။ ဒီပစ္စည်းတွေ ကို ထိုင်းအစိုးရ နဲ့ အားကစားအဖွဲ့ ချုပ်က ပေးအပ် တာပါ''လို့ ဆို သည်။
ယင်း SEA GAMES အ တွက် အားကစားနည်းခြောက် မျိုးကို မြန်မာအားကစားသမား များအား ထိုင်းနည်းပြများက သွား ရောက်သင်ကြားပေးနေကြောင်း သိရသည်။
================================
အားကစားပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ - အောင်ကြီး
အေးချမ်းမွန် Credit To > Yangon Media Group

Post a Comment