Home
»
မှုခင်းသတင်းများ
» မန္တလေးမြို့ပေါ်၌ မူးယစ်ဆေးဝါးများ၊ တရားမ၀င်ကျောက်စိမ်းများ၊ တရားမ၀င်ရွှေဗြုန်းအိတ်များနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၆၂၄-၉-၂၀၁၃ ရက်နေ့တွင် မန္တလေးမြို့ပေါ်၌ မူးယစ်ဆေးဝါးများ၊ လူကုန်ကူးမှုများ၊ လက်နက်ခဲယမ်းများနှင့်ပတ်သက်၍ သတင်းရရှိခဲ့သဖြင့် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ ဇော်ဝင်းနိုင်(၄၀)နှစ်မှာ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်း(ပ)၅၅၆/၂၀၁၂၊ ကျောက်မျက်အက်ဥပဒေပုဒ်မ ၄၂(က)ဖြင့်လည်းကောင်း၊ မယ(ပ)၇/၂၀၁၂၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/ ၁၆(ခ)/၁၆(ဂ)/၂၀(က)/၂၁ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင် နေသူဖြစ်ကြောင်း၊ ၎င်းသည် မန္တလေးမြို့ပေါ်ရှိဟိုတယ်များ၌ လျှို့ဝှက်တည်းခိုပြောင်းရွှေ့နေထိုင်ပြီး မူးယစ်ဆေးဝါးများအား မန္တလေးမြို့ကိုဗဟိုပြုကာ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးများသို့ဖြန့်ဖြူးရာတွင် ခေါင်းဆောင်သူဖြစ်ကြောင်း သတင်းရရှိခဲ့သည်။
ရရှိသည့်သတင်းအရ အမာခံသတင်းပေးများမှတစ်ဆင့် ထပ်မံစုံစမ်းခဲ့ရာ ဇော်ဝင်းနိုင်သည် ၆င်္။xxxx LEXUS အနက်ရောင်ယာဉ်ဖြင့် “မင်းသားကြီး” ဟိုတယ်သို့ ခေတ္တလာရောက်သွားကြောင်း သိရှိရသဖြင့် ၎င်းကားအား ရှာဖွေခဲ့ရာ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်ရှိ “ရွှေဖြူ” ဟိုတယ် သို့ ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သည်။ ထိုကြောင့် ဟိုတယ်မန်နေဂျာနှင့်တိုင်ပင်၍ ဇော်ဝင်းနိုင် တည်းခိုနေထိုင်သည့် ဟိုတယ်အခန်းအမှတ်(၄၀၁)သို့ သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေခဲ့ရာ ဇော်ဝင်းနိုင်အား ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ၊ ငွေနှင့်လက်ကိုင်ဖုန်းတို့အား ၎င်းစီးနင်းသည့် ယာဉ်ပေါ်၌ထားရှိကြောင်း သိရှိရသဖြင့် ရှာဖွေခဲ့ရာ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၅၃၉)ပြား၊ လက်ကိုင်ဖုန်း(၉)လုံး၊ ငွေကျပ်သိန်း(၁၂၀)၊ ၆င်္။xxxx နံပါတ်ပါ LEXUS အမျိုးအစား အနက်ရောင်ယာဉ်အပါအ၀င် သက်သေခံပစ္စည်း(၁၂)မျိုးအား သိမ်းဆည်းရမိခဲ့သည်။
ထပ်မံစစ်ဆေးချက်အရ သိမ်းဆည်းရမိခဲ့သည့်ဆေးပြားများမှာ လွန်ခဲ့သော(၁၀)ရက်ခန့်က ဇော်နိုင်အောင်မှ စိတ်ကြွဆေးပြား(၂၀၀)ပြားစီပါ(၅)ထုပ်၊ စုစုပေါင်းဆေးပြား(၁၀၀၀)ပြားအား နေအိမ် သို့ လာရောက်ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းသုံးစွဲရန်ကျန်နေသည့်ဆေးပြားများဖြစ်ကြောင်း သိရှိရ သောကြောင့် ၎င်းနေထိုင်ရာ ချမ်းအေးသာစံမြို့နယ်၊ ၅၈ လမ်း၊ ၃၀ x ၃၂ လမ်းကြားရှိနေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲရန်ရောက်ရှိနေသည့် ဆွေဦး(၄၅)နှစ်၊ ၀င်းဗိုလ်(၃၅)နှစ်၊ ကျော်မင်း(၃၀)နှစ်၊ ရန်နိုင်အောင်(၁၇)နှစ်၊ ဖြိုးဇော်(၂၀)နှစ်၊ ဦးနန္ဒာသီရိ(ခ) သိန်းထွန်း(၄၆)နှစ်တို့အား တွေ့ရှိရပြီး နေအိမ်အတွင်းမှ ဆူဒိုအက်ဖီဒရင်းဆေးပြား(၂၉၁၀၀)ပြား၊ ငွေကျပ်သိန်း(၂၅၀၀)၊ ၃စ/xxxx နံပါတ်တပ် ESCALADE EXT အမျိုးအစားအနက်ရောင် မော်တော်ယာဉ်(၁)စီး၊ မတ်တူး အမျိုးအစားအဖြူရောင် မော်တော်ယာဉ်(၁)စီး၊ ဆိုင်ကယ်(၃)စီး၊ တရားမ၀င်သိုလှောင်ထားသော ရောင်စုံကျောက်အရိုင်းတုံး(၉၁)တုံး၊ ရွှေဗြုန်းအိတ်(၂၉)အိတ်တို့အား သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်စစ်ဆေးချက်အရ စိတ်ကြွဆေးပြားများအား ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ကန်တော်လေးရပ်ကွက်၊ (၇)ထပ်တိုက်နှင့် ဖဆပလရပ်ကွက်၊ ဂျိုးဖြူအိမ်ယာဝင်းနေ ချမ်းသာ(ခ) ချင်းလေး(ခ)လားရင့်ချန်နာထံမှ ၀ယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ချမ်းသာအား ဖမ်းဆီးပေးရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ထို့နောက် ဇော်ဝင်းနိုင်၏အစစ် ခံချက်အရ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၂၆ လမ်း၊ ၅၈ x ၅၉ လမ်းကြားနေ နေလင်းထိုက်အားလည်းကောင်း၊ ယာဉ်ပျံရပ်ကွက်နေ ခင်မောင်ဆွေအားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး 3D/xxxx နံပါတ်ပါ တိုယိုတာကိုရိုလာ အဖြူရောင်ယာဉ်(၁)စီး၊ ၀၉ xxxxxx နံပါတ်ပါ Samsung လက်ကိုင်ဖုန်း(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်နေ မြင့်နိုင်ဦး၏ နေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ မြင့်နိုင်ဦးနှင့်အတူ မူးယစ်ဆေးဝါးရောင်းချသုံးစွဲရန် ရောက်ရှိနေသည့် မောင်မောင်(၃၈)နှစ်၊ ဗိုလ်ဟိန်း(၂၉)နှစ်နှင့် ထွန်းထွန်း(ခ)ကျော်ကျော်ဦး(၄၁)နှစ်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆူဒိုအက်ဖီဒရင်းဆေးပြား(၅၁၀၀၀)ပြား၊ ငွေကျပ်(၇၇၃၃၇၂၀ိ/-)၊ လက်ကိုင်ဖုန်း(၇)လုံး၊ ၁စ/xxxx နံပါတ်ပါ KLUGER အဖြူရောင် မော်တော်ယာဉ်(၁)စီး၊ ၉ဃ/xxxxx နံပါတ်ပါ ဟိုင်းလတ်ဆပ်(ဖ့်)အပြာရောင်(၁)စီးတို့အား သိမ်းဆည်းရမိ ခဲ့သည့်အပြင် ဆေးပြားများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ (၁)ရပ်ကွက်နေ ၀င်းနိုင်ဦးမှ လာရောက်ပေးပို့သဖြင့် ရောင်းချရန်ဝယ်ယူထားခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
ထို့ပြင် ဇော်ဝင်းနိုင်အား ထပ်မံစစ်ဆေးချက်အရ ချမ်းအေးသာစံမြို့နယ်၊ နဂါးရပ်ကွက်၊ ၆၀ လမ်း၊ ၃၁ x ၃၂ လမ်းကြားနေ စိုင်းရီမြင့်(ခ)ကျော်မြင့်၏နေအိမ်တွင် မူးယစ်ဆေးဝါးရောင်းချနေကြောင်း သိရှိရသဖြင့် ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ စိုင်းရီမြင့်အား နေအိမ်၌ မတွေ့ရှိရဘဲ ၎င်းနှင့်ကျောက်လုပ်ငန်း အတူလုပ်ကိုင်သူ စိုးနိုင်အား တွေ့ရှိရပြီး နေအိမ်အတွင်းမှ ကျောက်စိမ်းအရိုင်းတုံး(၃၀)တုံး၊ ခြံဝင်းအတွင်း နံပါတ်တပ်ဆင်ထားခြင်းမရှိသည့် ယာဉ်တစ်စီးပေါ်မှ ကျောက်စိမ်းအရိုင်းတုံး(၁)စုံတို့အား သိမ်းဆည်း ရမိသည်။
သို့ဖြစ်၍ ဇော်ဝင်းနိုင်၊ သန်းလွင်၊ ဇော်နိုင်အောင်တို့(၃)ဦးအား မဟာအောင်မြေမြို့နယ်၊ အမှတ် (၉)ရဲစခန်း မယ(ပ)၁၉/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ ဇော်ဝင်းနိုင်၊ ဆွေဦး၊ ၀င်းဗိုလ်၊ ကျော်မင်း၊ ရန်နိုင်အောင်၊ ဖြိုးဇော်၊ ဦးနန္ဒာသီရိ(ခ)သိန်းထွန်းနှင့် ချမ်းသာတို့(၈)ဦးအား မန္တလေး အမှတ်(၃)နယ်မြေရဲစခန်း မယ(ပ)၇/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ခ)/ ၁၆(ဂ)/၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ ဇော်ဝင်းနိုင်အား အမှတ်(၃)နယ်မြေရဲစခန်း(ပ)၄၃၅/၂၀၁၃၊ ကျောက်မျက်အက် ဥပဒေပုဒ်မ ၄၂(က)၊ (ပ)၄၃၆/၂၀၁၃၊ သတ္တုတွင်းအက်ဥပဒေပုဒ်မ ၃၀(ခ)/၃၁ တို့ဖြင့်လည်းကောင်း၊ မြင့်နိုင်ဦး၊ မောင်မောင်၊ ဗိုလ်ဟိန်းနှင့် ထွန်းထွန်း(ခ)ကျော်ကျော်ဦးတို့(၄)ဦးအား အောင်ပင်လယ်နယ်မြေရဲစခန်း မယ(ပ)၆/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ခ)/၁၆(ဂ)/၂၁ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူခဲ့သည်။
ထို့အပြင် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်နေ နေလင်းထိုက်သည် အမှတ်(၅) မြို့မရဲစခန်း (ပ)၄၆၃/၂၀၁၂၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ အမှုမှ တရားခံပြေးဖြစ်ကြောင်းသိရှိရသဖြင့် အမှတ်(၅)ရဲစခန်းသို့လည်းကောင်း၊ယာဉ်ပျံရပ်ကွက်နေ ခင်မောင်ဆွေအား စစ်ဆေးချက်အရ ၎င်းသည် ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်သုဿာန်ရှိ ဆေးရုံပစ္စည်း များစွန့်ပစ်သည့်နေရာ၌ စိတ်ကြွဆေးပြားများ စွန့်ပစ်ခဲ့သဖြင့် ပုသိမ်ကြီးမြို့မရဲစခန်း မယ(ပ)၂/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ခ) ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းသိရှိရသဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းသို့လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့အတူ ချမ်းအေးသာစံ မြို့နယ်၊ နဂါးရပ်ကွက်၊ ၆၀ လမ်း၊ ၃၁ x ၃၂ လမ်းကြားရှိ စိုင်းရီမြင့်(ခ)ကျော်မြင့်၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည့် စိုးနိုင်အား အမှတ်(၃)နယ်မြေရဲစခန်း(ပ)၄၃၇/၂၀၁၃၊ ကျောက်မျက် အက်ဥပဒေပုဒ်မ ၄၂(က) ဖြင့်လည်းကောင်း၊ (ပ)၄၃၈/၂၀၁၃၊ သွင်းကုန်ထုတ်ကုန်အက်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
အေးချမ်းမွန် Credit To >ရဲဇာနည် https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/
Post a Comment