(ဆောင်းပါးရှင် - ညီအာင်ညီ)
"ကျွန်တော်သေရင်တောင် ကျွန်တော့် ပြည်သူတွေနဲ့ ဝေးဝေးနေနိုင်မှာ မဟုတ်ဘူး"
အဲဒီစကားက အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးရအောင် အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ကြိုးပမ်းပေးခဲ့တဲ့ "မဟတ္တမဂန္ဒီ" ရဲ့စကားပါ။ တကယ်လည်းပဲ မဟတ္တမဂန္ဒီ ဆိုတဲ့ လူထုခေါင်းဆောင် တစ်ယောက်ဟာ ပြည်သူတွေနဲ့ မဝေးအောင်၊ ပြည်သူနဲ့ တစ်သားတည်းကျအောင် အိန္ဒိယနိုင်ငံအတွက် အလုပ်လုပ်ခဲ့သူပါ။ အခုချိန်ထိ ဂန္ဒီဆိုတဲ့ ခေါင်းဆောင်တစ်ယောက်ဟာ ပြည်သူတွေနဲ့ မဝေးသေးပါဘူး။ သန်းပေါင်းများစွာသော အိန္ဒိယနိုင်ငံသားတွေရဲ့ အသည်းနှလုံး ဖြစ်နေတုန်းပါ။
ကျွန်တော်တို့ မြန်မာပြည်မှာလည်း ပြည်သူတွေနဲ့ မဝေးခဲ့တဲ့၊ ပြည်သူနဲ့ တစ်သားတည်းကျခဲ့တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ရှိခဲ့တာပါပဲ။ သူ့ရဲ့အပြုအမူ၊ သူ့ရဲ့အပြောအဆို၊ သူ့ရဲ့အနာဂတ်ဟာ ပြည်သူအတွက်၊ နိုင်ငံအတွက်ကလွဲလို့ အခြားမရှိခဲ့ပါဘူး။ သူဟာ အသက်ငယ်ပေမယ့် စိတ်ဓာတ်မငယ်ပါဘူး။ ခေါင်းဆောင်တစ်ယောက်ရဲ့အရှိန်အဝ
ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ "အနှိုင်းမဲ့ရတနာ" တစ်ပါးပါ။ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေ အပေါ်မှာ သစ္စာမမဲ့ခဲ့တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတာကို ကျွန်တော်တို့ နိုင်ငံတွင်မကဘဲ တစ်ကမ္ဘာလုံးက သိခဲ့ကြတာပါ။"ပတ္တမြားမှန်ရင် နွံမနစ်ဘူး" ဆိုတဲ့ စကားအတိုင်းပါပဲ။ "ဗိုလ်ချုပ်ရဲ့သမိုင်းကောင်းတွေ
ယနေ့ခေတ်ကာလမှာ တချို့တချို့သော တာဝန်ရှိသူတွေရဲ့လုပ်ရပ်တွေ၊ တာဝန်မဲ့ပြောတတ်၊ ဆိုတတ်တဲ့ စကားတွေ မြင်ရ၊ ကြားရပြန်တော့ ပြည်သူတွေနဲ့ ဝေးနေပါလားလို့ ခံယူမိပါတယ်။ ပြည်သူတွေနဲ့ တစ်သားတည်းကျအောင် မနေချင်ကြပါလားလို့ တွေးမိပါတယ်။ ကံမကောင်းခဲ့တဲ့ ပြည်သူတွေအနေနဲ့ ခေါင်းဆောင်ကောင်းတွေကို ပြန်လည် တမ်းတမိကြတော့တာပါပဲ။
"ကဏန်း၊ပုတ်သင်၊ ကိုင်းပင်၊ လိပ်မျိုး၊ နွားသိုး၊ ခွေးအ ဤခြောက်ဝ နာယက မဖြစ်သင့်" လို့ ရှေးဆရာကြီးတွေ ဆုံးမထားခဲ့ပါတယ်။ ကန့်လန့်သွားတတ်တဲ့ ကဏန်းလိုလူစားတွေ၊ အမြဲ aခါင်းညိတ်တတ်တဲ့ ပုတ်သင် ညိုလို လူစားတွေ၊ သာတဲ့နေရာ ကိုင်းညွတ်တတ်တဲ့ ကိုင်းပင်လို လူစားတွေ၊ ကိုယ့်ဘက်ကိုယ် ယက်တတ်ကြတဲ့ လိပ်နဲ့တူတဲ့ လူစားတွေ၊ ကမူးရှူးထိုး လုပ်တတ်တဲ့ နွားသိုးတွေ၊ ခွေးအလို လူစားတွေဟာ နာယက မလုပ်သင့်၊ ခေါင်းဆောင် မလုပ်သင့်ဘူးလို့ မှတ်သား ခဲ့ရဖူးပါတယ်။
ခေါင်းဆောင်လုပ်မယ့် သူတွေအနေနဲ့ ခေါင်းဆောင်ကောင်းတွေရဲ့အရည်အချ
ပြည်သူဆိုတာ ခေါင်းဆောင်တွေရဲ့ လက်အောက်မှာ ရှိပေမယ့် "ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်" လုပ်လို့မရပါဘူး။ လုပ်ခဲ့လို့ရှိရင်လည်း လုပ်ခဲ့တဲ့ခေါင်းဆောင်ဟာ သမိုင်းဆိုးထဲမှာ ထာဝရ နေရမယ့်သူပါပဲ။ ကျွန်တော်တို့နိုင်ငံရဲ့လွတ်လပ်
ကျွန်တော်တို့နိုင်ငံရဲ့ ခေါင်းဆောင်တွေ အနေနဲ့လည်း ပြည်သူတွေနဲ့ မဝေးအောင် အစစအရာရာ သတိပြု ဆောင်ရွက်သင့်ပါတယ်။ ပြည်သူချစ်တဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်အောင်၊ ပြည်သူကြားက အခက်အခဲတွေကို စွမ်းစွမ်းတမံ ဖြေရှင်းပေးဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒနဲ့ မကိုက်ညီတာတွေကို မလုပ်မိစေဖို့ လိုပါတယ်။ ပြည်သူတွေရဲ့စကားသံကို လေးလေးနက်နက် နားထောင်ဖို့ လိုပါတယ်။ ပြည်သူတွေနဲ့ မဝေးစေချင်ပါဘူး။ ပြည်သူတွေနဲ့ မိတ်မပျက် စေချင်ပါဘူး။ ပြည်သူ့ဘက်မှာပဲ အမြဲရှိစေချင်ပါတယ်။ "ဂန္ဒီကြီးပြောသလို ပြောနိုင်အောင် ပြည်သူ့ကြားထဲမှာ နေစေချင်ပါတယ်"။
အေးချမ်းမွန် Credit To > Eleven Media Group
http://
Post a Comment