သူ.. ဂုဏ်ဒြပ်တွေမှာ ခေါင်းစဉ်မဲ့တယ်၊ မခမ်းနားဘူး။
သူ.. စည်းစိမ်တွေမှာ ခေါင်းစဉ်မဲ့တယ်၊ မကြီးကျယ်ဘူး။
သူ.. ကျော်ကြားမှုမှာ ခေါင်းစဉ်မဲ့တယ်၊ မတောက်ပဘူး။
သူ.. အာဏာမှာလည်း ခေါင်းစဉ်မဲ့တယ်၊ အရှိန်အဝါမရှိပါဘူး။
သို့သော်လည်းကွယ်..
သူ.. ခေါင်းစဉ်မဲ့စွာ ပျော်နေနိုင်တယ်။
သူ.. ဆုပ်ကိုင်မထားလို့ လွတ်လပ်တယ်။
သူ.. အကြောင်းပြချက်မဲ့စွာ စိတ်ချမ်းသာတတ်တယ်။
ခေါင်းစဉ်မဲ့တဲ့ ထိုလူသား… သူ့ဘဝကိုသူ သိပ်ကျေနပ်တယ်။
ဘာအကြောင်းပြချက်များကြောင့်လဲ???
ရုပ်ပိုင်းဆိုင်ရာ ခေါင်းစဉ်မဲ့ပေမယ့်
စိတ်ပိုင်းဆိုင်ရာ မာတိကာကြီး ရှိနေတယ်။
နှလုံးသားအာဟာရ
၁၇.၉.၂၀၁၃
၎:၃၀ am
အေးချမ်းမွန် Credit To >နှလုံးသားအာဟာရ
http://ayechanmon-news1.blogspot.com/
Post a Comment