0
မြန်မာနိုင်ငံအတွင်းမှာ သဘာဝ ဓာတ်ငွေ့ နဲ့ စွမ်းအင် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ မလေးရှား အစိုးရပိုင် ပီထရိုနပ်စ် စွမ်းအင် ကုမ္ပဏီအနေနဲ့ လူမှု ကူညီရေးနဲ့ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ တစ်နှစ် ဒေါ်လာ တစ်သန်းလောက် ပုံမှန်သုံးစွဲနေတယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့ ရန်ကုန် မီကာဆာဟော်တယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလို
ပြောလိုက်တာပါ။ ဒါ့အပြင် တစ်နှစ်ကို အင်ဂျင်နီယာ ကျောင်းသား (၁၀) ယောက်ကို ပညာသင်ဆု ပေးသေးတယ်လို့လည်း ပြောပါတယ်။ သူတို့ကုမ္ပဏီဟာ စွမ်းအင် ထုတ်ယူတဲ့ ကုမ္ပဏီဖြစ်ပေမယ့်လည်း
ဒေသခံတွေရဲ့ ပညာရေး၊ လူမှုစောင့်ရှောက်ရေး၊ ကျန်းမာရေး၊ သဘာဝ ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး၊ သစ်တောပြုန်းတီးမှု ကာကွယ်ရေး ကိစ္စတွေကိုလည်း တာဝန်ယူပေးနေတယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အေးချမ်းမွန် Credit To >DVB TV News https://www.facebook.com/excellencemedia

Post a Comment

 
Top