0
ကြွက်သတ်ဆေးသုတ်ထားတဲ့ ဖရဲသီးစိတ်တွေကိုစားမိရာကနေ လူငယ်တစ်ဦးသဆုံးမှု မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့နယ် ကူးတိုဆိပ်ရွာမှာ နိုဝင်ဘာလ ၆ ရက်ကဖြစ်ပွားခဲ့ပါတယ်။

တံတားဦးမြို့နယ် ကူးတိုဆိပ်ရွာရှိဖရဲခင်းအတွင်းမှာ ဖရဲခင်းပိုင်ရှင်က ဖရဲသီးစိတ်တွေကို ကြွက်သတ်ဆေးသုတ်ပြီး ရှည့်ထောင်ဖမ်းဖို့ထားစဉ်အသက် ၁၅ နှစ်အရွယ် အလုပ်သမားနှစ်ဦးဟာ ကြွက်သတ်ဆေးသုတ်ထားတာကိုမသိပဲစားမိကြပါတယ်။

စားမိသူနှစ်ဦးကို တံတားဦးဆေးရုံတင်ပို့ကုသပေမယ့် တစ်ဦးဟာ အော့အန်ကာ ပါးစပ်နဲ့ နှာခေါင်းတို့ကအရည်တွေထွက်ပြီးသေဆုံးသွားခဲ့တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။

အေးချမ်းမွန် Credit To >The Modern News Journal
https://www.facebook.com/excellencemedia

Post a Comment

 
Top