Weather News Update
1-11-2013
5:10 am
တောင်တရုတ်ပင်လယ်ပြင်ဖက်မှာ ဖြစ်ပေါ်နေတဲ့ 29W(Krosa) တိုင်ဖွန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းအစွန်းကို ဖြတ်ကျော်တိုက်ခတ်နေပါတယ်။ တစ်နာရီလေတိုက်နှုန်း 50 mph ခန့်သာရှိတဲ့အဆင့်မို့ အထိခိုက်အပျက်အစီးတော့ နည်းနှို်င် ပါတယ်။
ဒီမုန်တိုင်းဟာ (၄-၁၁-၂၀၁၃)ရက် မနက်အစောပိုင်းမှာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကို ဖြတ်ကျော်ပြီး ကုန်းတွင်း ကို ၀င်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံတောင်ပိုင်းမှ တစ်ဆင့် ဖြတ်ကျော်ကာ မြန်မာနိုင်ငံ ရဲ့ တောင်ဖက် ကနေ ကပ္ပလီပင်လယ်ပြင်ထဲကို ၀င်ရောက်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
မူလခန့်မှန်းချက်ကတော့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှ ဖြတ်ကျော်ကာ ထိုင်းနိုင်ငံမြောက်ပိုင်းမှတစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်း နဲ့ မြစ်ဝကျွန်းပေါ်ဒေသ များကို ဖြတ်ကျော်ပြီး အချိန်အခါမဟုတ်မိုးတွေရွာမယ့် အနေအထားဖြစ်နေခဲ့ပါတယ်။
အခုတော့ မြန်မာတစ်နိုင်ငံလုံး အချိန်အခါမဟုတ်မိုး ဘေးမှ လွတ်ကင်းနှို်င်ကြ ပါလိမ့် မယ်။
ဒေါက်တာထွန်းလွင်
မှတ်ချက်။ ဒီ Post ကို မနက်ကတည်းက ကြိုးစားနေတာ စာကိုသာတင်လို့ရပြီး၊့ ပုံကတင်လို့မရခဲ့ပါ။ အခုမှ ပုံကတင်လို့ရလို့ ထပ်တင်ပေးလိုက် ပါတယ်။ နှစ်ထပ်ရှိတော့ မှတ်မိတာပေါ့ဗျာ။
အေးချမ်းမွန် Credit To >Tun Lwin
Post a Comment