0


နေပြည်တော်၊ နိုဝင်ဘာ ၁

၃၁-၁၀-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၄၉/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနက်ကြီးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်နေ ခင်မောင်လင်း(၃၂)နှစ်မောင်းနှင် လာသည့် ၈ဂ/xxxx လိုက်ထရပ်ယာဉ်သည် ၀ဲနောက်ဘီးကျွတ်ထွက်၍ လမ်းယာဘက်သို့ထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ၁၈ ဦးအနက် သုံးခွမြို့နယ်၊ အနောက်ဖက်ကျေးရွာနေသူများဖြစ်သည့် ဒေါ်လှလှကြည်(၄၃)နှစ်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ နောက်ကျောနာကျင်ဒဏ်ရာ၊ ဒေါ်ခင်ဆွေ(၆၀)နှစ်ပါ ၁၁ ဦးတွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ ယာမျက်ခုံးဖူးရောင်၊ ၀ဲလက်ဖျံပေါက်ပြဲ၊ ရင်ဘတ်နာကျင်၊ ခါးနာကျင်၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ၀ဲဒူး/နောက်ကျောနာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ခင်မောင်လင်းအား ဘောနက်ကြီးအမြန်လမ်းရဲစခန်းယာဉ်(ပ)၁၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

အေးချမ်းမွန် Credit To >ရဲဇာနည်https://www.facebook.com/excellencemedia

Post a Comment

 
Top