0

အယ်ဒီတာ့အာဘော် ကဏ္ဍ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး အသစ် ပြန်ရေးဆွဲမည် လား၊ ပြင်ဆင်မည်လားဟူသော ဂယက်သည် ယခုအခါ ပြင်ဆင်မည် ဟူသော ပြည်သူလူထု၏ ဆန္ဒသဘော ထားဖြင့် ပြင်ဆင်ရေးက အလေး သာနေသည်ကို တွေ့ရပါ သည်။ နေပြည်တော်တွင် အင်န်အယ်လ်ဒီ က ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာ ဟောပြောပွဲ တွင်လည်း ပြည်သူ ၈၈ ရာခိုင်နှုန်းက ပြင်ဆင်မည်ဟူသော သဘောထား ကို ပေးခဲ့ကြကြောင်း ဖော်ပြချက် များတွင် တွေ့ရပါသည်။

အင်န်အယ်လ်ဒီ၏ သဘောထားကလည်း လွှတ်တော် အတွင်း၊ ဥပဒေဘောင် အတွင်းမှနေပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင် သွားမည်ဟု ပြောကြားထားခဲ့ပြီး ဖြစ်သည်ကို တွေ့ရပါသည်။ ထို့အတွက်လည်း လူထုအား ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း ဟောပြော ရှင်းလင်းပွဲ များကို ကျယ်ပြန့်စွာ ပြုလုပ် လာသည် ကို တွေ့ရပါ သည်။ ပြည် ထောင်စုလွှတ်တော်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်လေ့လာရေးကော်မတီကို ၁၀၉ ဦးဖြင့် ဖွဲ့စည်းပေး ထားသည်ကို တွေ့ရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်မည်ဆိုပါက လူထုဆန္ဒသဘော ထားဖြင့် ပြင်ဆင်နိုင် ပါသည် ဟု ပြည်ပခရီးစဉ်တစ်ခုတွင် ပြောကြားခဲ့သည်ကိုလည်း တွေ့ခဲ့ရပေသည်။

တစ်ဖန် ပြန်ကြည့်လျှင် အင်န်အယ်လ်ဒီပါတီသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင် ဆင် ရေးဖြင့် ကြွေးကြော်ပြီး လွှတ်တော်တွင်း ပြန်လည်ဝင်ရောက် လာခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို အဆိုတင်သွင်းခဲ့သူများမှာ ပြည်ခိုင်ဖြိုး လွှတ်တော် အမတ်များက တင်သွင်းခဲ့ခြင်းဖြစ်သည်ကို တွေ့ ခဲ့ရပေသည်။

တစ်ဖန် အင်န်အယ်လ်ဒီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ခြင်း သည် တပ်မတော်၏ အခွင့်အ ရေးလျှော့ချလိုခြင်းကြောင့် မဟုတ် ဟုလည်း ပြောကြားခဲ့သည် ကို တွေ့ရသည်။

ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူ များမှ မည်သည့်အချက်များ ပြင်ဆင် လိုပါသည်ဟူသော ဆန္ဒသဘောထား များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း လွှတ်တော်သို့ တင်ပြမည်ဟု ဆိုထားသည် ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီသို့ အချိန်တိုးချဲ့ထားသည် ကိုလည်း တွေ့ရပေသည်။ ရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၁၀ ရွေးကောက်ပွဲအားနည်းချက်များကို ပြုပြင်လျက် ၂၀၁၅ ရွေး ကောက်ပွဲ သည် တရားမျှတမှုရှိရမည်ဟု ဆိုထားသည်ကို လည်း တွေ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များကလည်း

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင် ခြင်းသာ ပြုလုပ်လေ့ရှိကြကြောင်း၊ အသစ်ရေးဆွဲမည် ဆိုပါက အလွန်အန္တရာယ် များကြောင်း ထောက်ပြကြ သည် ကိုလည်း တွေ့ရသည်။

တကယ်တမ်းလက်တွေ့တွင် မည်သို့ဖြစ်လာမည်ကို ၂၀၁၅ ရွေးကောက်ပွဲ ကသာ အဆုံးအဖြတ် အဖြေဖြစ်ပေလိမ့် မည်။ ထိုအခါကျလျှင် မြန်မာနိုင်ငံ တွင် ကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေသည် ပြင်ဆင် ရန်ခက်ခဲသော ဖွဲ့စည်းပုံအခြေခံဥပဒေ(Rigid Constitution)လား၊ ပြင်ဆင် ရန် ညွှတ်ပြောင်းလွယ်ကူသော အခြေခံဥပဒေ (Flexible Constitution)လား ဆိုသည်မှာ ထွက်ပေါ်လာမည်ဖြစ်သည်။

ယင်းအပြင် နိုင်ငံတစ်ခု၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ထိုနိုင်ငံသားများ၏ သားစဉ်မြေးဆက်အကျိုးကို ရှေးရှု၍ နိုင်ငံ သားများလိုလားသော နိုင်ငံရေး စနစ်အရ အဆင့်အတန်းအ မြင့်မားဆုံး၊ တရားမျှတမှုအရှိဆုံး၊ ငြိမ်းချမ်း တည်ငြိမ်မှု အရှိ ဆုံး၊ ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံးဖြစ်ရန် လိုအပ်လှပါကြောင်း။

အယ်ဒီတာ

နိုဝင်ဘာ ၂၇ ၊ ၂၀၁၃

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top