အေးချမ်းမွန် Credit To >DVB TV News
မြန်မာနိုင်ငံနဲ့ နိုင်ငံခြားတိုင်းပြည်တွေအကြား ကုန်သွယ်မှုပမာဏဟာ အခုဘဏ္ဍာနှစ်မှာ မနှစ်ကထက် အမေရိကန် ဒေါ်လာသန်း ၃၅၀၀ နီးပါး တိုးတက်မှု ရှိ
မြန်မာနိုင်ငံနဲ့ နိုင်ငံခြားတိုင်းပြည်တွေအကြား ကုန်သွယ်မှုပမာဏဟာ အခုဘဏ္ဍာနှစ်မှာ မနှစ်ကထက် အမေရိကန် ဒေါ်လာသန်း ၃၅၀၀ နီးပါး တိုးတက်မှု ရှိခဲ့တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ေ ရး ၀န်ကြီးဌာနက စုံစမ်းသိရပါတယ်။ အခုဘဏ္ဍာနှစ်ဖြစ်တဲ့ ဧပြီလကနေ နိုဝင်ဘာလ၀က်အထိ နယ်စပ် အပါအ၀င် ပင်လယ်ရေကြောင်းကတဆင့် တရားဝင် ကုန်သွယ်မှုပမာဏက အမေရိကန်ဒေါ်လာ ၁၄,၄၄၇ သန်းကျော် ရရှိထားပြီးဖြစ်လို့ ပြီးခဲ့တဲ့ နှစ်ကာလတူ ကုန်သွယ်မှုပမာဏနဲ့ယှဉ်ရင် ကန်ဒေါ်လာ သန်း၃၅၀၀ နီးပါး တိုးတက်မှု ရှိခဲ့တယ်လို့ ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူရေးရာဌာနက ဒုတိယ ညွန်ကြားရေးမှုး ချုပ် ဦးညွန့်အောင်က ဒီဗွီဘီကို ပြောပါတယ်။ Mobile team အဖွဲ့ရဲ့စစ်ဆေးဖမ်းဆီးမှုတွေကြော င့် အခုဘဏ္ဍာနှစ်ရဲ့ ၈လတာကာလ အတော်အတွင်းမှာ ပင်လယ်ရေကြောင်းကတဆင့် ကုန်သွယ်မှုပမာဏက စုစုပေါင်း ကန်ဒေါ်လာ ၁၁,၄၅၉သန်းကျော် ရှိပြီး ကာလတူပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ကုန်သွယ်မှုက ဒေါ်လာ ၂၅၄၇သန်း ကျော် တိုးတက်မှုရှိနေပါတယ်။နယ်စပ်ကုန် သွယ်မှုမှာဆိုရင်လဲ ကုန်သွယ်မှုပမာဏက စုစုပေါင်း ကန်ဒေါ်လာ ၂၉၈၈ သန်းကျော် ရှိပြီး ကာလတူပြီးခဲ့တဲ့ နှစ်နဲ့ယှဉ်ရင် ကုန်သွယ်မှုက ဒေါ်လာ ၉၄၀ သန်းကျော် တိုးတက်မှု ရှိနေတယ်လို့ သူက ဆိုပါတယ်။
အေးချမ်းမွန် Credit To >DVB TV News
အေးချမ်းမွန် Credit To >DVB TV News
Post a Comment