==============================
ဒီခေတ်နေ
==============================
ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ။ ။ သင်္ဃန်း ကျွန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးရန် ပုံငွေကိုအသုံးပြုရန် မြို့နယ်တွင်း လိုအပ်ချက်များကို လွှတ်တော် ကိုယ်စားလှယ်လေးဦး ကွင်းဆင်း လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေအတွက် ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ညွှန်ကြား ချက်အရ ရေရရှိရေးကို ဦးစားပေး ဆောင်ရွက်သွားရန် စီစဉ်ထား သော်လည်း မြို့နယ်အတွင်း ရှိအ ခြားသောလိုအပ်ချက်များကို သိ ရှိနိုင်ရန် ဖွံ့ဖြိုးမှုနိမ့်ကျသောရပ် ကွက်များကို တိုက်ရိုက်ကွင်းဆင်း လေ့လာ သွား ရခြင်းဖြစ်သည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ်စား လှယ် ဦးသိန်းညွှန့် က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး သိန်းညွှန့်က ''ဒါဟာ နိုင်ငံတော် ဘဏ္ဍာငွေဖြစ်တဲ့အတွက် သတ် မှတ်ထားတဲ့ ဦးတည်ချက်မရှိဘဲ ဘယ်သူ့ကိုမှပေးမထားဘူး။ ပြည် သူနဲ့အနီးစပ်ဆုံး မှာနေပြီး ပွင့်လင်း မြင်သာမှုရှိရှိ ဆောင်ရွက်သွား မယ်။ ကျွန်တော်တို့ လွှတ်တော် အမတ်လေးယောက်လုံးက အမျိုး သားဒီမိုကရေစီပါတီသစ် က ဖြစ် တဲ့အတွက် တခြားအာဏာရပါ တီတွေလိုမဟုတ်ဘဲ တိုင်တိုင်ပင် ပင်နဲ့ သင်္ဃန်းကျွန်းပြည်သူတွေ အတွက် ဆောင်ရွက်ပေးသွားမှာ ပါ''ဟု ပြောသည်။
စနေ၊ တနင်္ဂနွေနေ့များတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ် တော် ကိုယ်စား လှယ် ဦးသိန်းညွှန့်၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးဖုန်းမြင့်အောင်၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးကျော်နှင့် ဒေါ်စန်းစန်း မြင့်တို့က သင်္ဃန်းကျွန်းမြို့နယ် အတွင်း ကွင်းဆင်းလေ့လာသွား မည်ဖြစ်ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်အ တွက်လက်ရှိ ဦးစားပေးလျာထား ချက်များအရ (၁) ရေရရှိရေး၊ (၂) ယင်လုံအိမ်သာ ဆောက်လုပ်ရေး နှင့် အများသုံး အိမ်သာများထား ရှိရေး၊ (၃) ဥပဓိရုပ် မကောင်းသော ကျောင်း များကို ပြန်လည်ပြုပြင် ရေး၊ (၄) လမ်းများပြုပြင်ရေး တို့ ကို ဦးစားပေးစီစဉ်ထားကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ရန်အတွက် မြို့ နယ်တစ်ခုလျှင် ကျပ်သိန်းတစ် ထောင်နှုန်းဖြင့် နိုင်ငံတော်မှ ဘတ် ဂျက်ချ ထားပေးခြင်းဖြစ်ကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Yangon Media Group
Post a Comment