0



Titan Arm လို့ အမည်ပေးထားတဲ့ စက်ရုပ်လက်ကို Universtiy of Pennsylvania မှ ကျောင်းသား၊ ကျောင်းသူ - ၄ ဦးက ကိုယ်တိုင်ကိုယ်ကျ ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။

ဒီတော့ ဒီဇိုင်းပေါင်း ဒါဇင်ကျော်မှာ Titan Arm က အရွေးချယ်ခံရပြီး အမေရိကန်ဒေါ်လာ ၄သောင်းခွဲ ဆုအချီးမြင့်ခံခဲ့ ရပါတယ်။ Titan Arm လို့ အမည်ပေးထားသလိုပဲ ယင်း လက်ကို တပ်ဆင်လိုက်ရင် သာမန် မနိုင်၊ ရွေ့ နိုင်အားထပ် သိသိသာသာပိုလာမှာ ဖြစ်ပါတယ်။ ပေါင် ၄၀ အလေးချိန် ရှိတဲ့ ပစ္စည်းကို လက်ကွေးလိုက်ရုံနဲ့ မနိုင်လောက်အောင် သန်မာလာစေမှာ ဖြစ် ပါတယ်။ ဒီတော့ သာမန် ရှိရင်းစွဲ အားနဲ့ပါ ပေါင်းလိုက် ရင် လက်တစ်ဖက်စီရဲ့  မနိုင်စွမ်း၊ သယ်နိုင်စွမ်းက သိသိသာသာ ပိုလာမှာ ဖြစ်ပါတယ်။ လက်တင် မက ခြေထေက် အရိုးတစ်လျှောက် ဝတ်ဆင်လို့ရမယ့် စက်ရုပ်ဝတ်ဆုံပါ ဆက်လက် ဖန်တီးမှာ ဖြစ်ပါတယ်။

လက်ရှိ Titan Arm တစ်ခုအတွက် တည်ထွင်ကုန်ကျစရိတ်က ကန်ဒေါ်လာ ၂ထောင်ဝန်းကျင် ရှိပါတယ်။ Prototype အဆင့်ပဲရှိသေးတာမို့ ဈေးလည်း ပိုသက်သာပြီး နောက်ဆုံး Customer အသုံးပြုလို့ရတဲ့အထိ ဈေးနှုန်း အသက်သာဆုံး ဖြစ်အောင် ဖန်တီးထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဂျပန် နိုင်ငံက Cyberdyne အမည်ရ အင်ဂျင်နီယာအဖွဲ့အစည်းလည်း ဖန်တီးခဲ့ပြီး ကမ္ဘာ့ ဈေးကွက်ကို မရောင်းချ ခဲ့ပါဘူး။ ဂျာမနီနဲ့ ဂျပန်က ကျန်းမာရေးနဲ့ သုတေသန အဖွဲ့အစည်း အချို့ ကို တစ်လ ကန်ဒေါ်လာ ၁၆၀၀ နဲ့ ပေးငှား ထား လို့ ဖြစ်ပါတယ်။ ဒီတော့ ဒုတိယမြောက် တီထွင် အောင်မြင် လာသူက အမေရိကန် ဖြစ်ပါတယ်။

ယင်း Titan Arm ကို ကျန်းမာရေးအတွက်ကော၊ စစ်ရေးအတွက်ပါ အသုံးပြုနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
.
Ref: mashable
အောင်ခမ်း ( smart.com.mm )

အေးချမ်းမွန် Credit To >Smart Pro Journalhttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top