0


ရန်ကုန်၊ နိုဝ်ငဘာ ၇။

ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနမှ ရန်ကုန်တွင် နောက်ထပ်
ထုတ်ပေးမယ့် အင်္ဂလိပ်အက္ခရာ နံပတ်များမှ 2G/ 9999
လေးလုံးပူး နံပါတ်အား ကျပ် ၃၄ သိန်းဖြင့်နိုဝင်ဘာလ
အတွက် ပထမဦးဆုံးအကြိမ်အဖြစ် ရောင်းချပြီးစီးကြောင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုဦးစီးမှူး
ဒေါ်တင်တင်အေးက ပြောကြားသည်။

“2G /9999 ကိုတော့ ဒီလပထမအပတ်မှာတင် ရောင်းပြီး
သွားပါပြီ ပြီးခဲ့တဲ့ အောက်တိုဘာလက 1G လေးလုံးပူး
နံပါတ်တွေ ၂၄ ရက် လောက်ထဲက အားလုံးရောင်းပြီးသွား
ပါပြီ” ဟု ၎င်းက ပြောကြားသည်။

ယခင်လ အောက်တိုဘာလ ၁ရက်နေ့ တွင် 1G 4444 နံပါတ်အား အောက်တိုဘာလတွင် ပထမဦးဆုံးအကြိမ်
ရောင်းချပြီး အောက်တိုဘာလ ၃ ရက်နေ့ တွင် 1G 8888၊
အောက်တိုဘာလ ၁၀ရက်နေ့တွင် 1G 9999 နှင့် 1G 6666 အားလည်းကောင်း၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် 1G
3333နှင့် 1 G 7777၊ အောက်တိုဘာလ ၁၇ရက်နေ့တွင်
1G 1111 ၊ အောက်တိုဘာလ ၂၁ရက်နေ့တွင် 1G 5555
နှင့် အောက်တိုဘာ လ ၂၄ရက်နေ့တွင် 1G 2222တို့အား
အသီးသီးရောင်းချခဲ့ကြောင်း အောက်တိုဘာလအတွင်း 1G
လေးလုံးပူးနံပါတ်များအား အားလုံး ရောင်းကုန်သွားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး၏ ငွေစာရင်းဌာနမှ
သိရသည်။

“အရင်တုန်းကဆိုရင် ဌာနဆိုင်ရာ လူကြီးတွေ အများဆုံး
စီးကြတာ၊ အခုပြည်သူတွေ ရောင်းပေးတယ်ဆိုတော့ လို ချင်တဲ့သူတွေလည်း အဆင် ပြေ၊ ဌာနလည်း ၀င်ငွေ တိုး
တာပါ့။ အရင်ကဆိုရင် လေးလုံးပူးနံပါတ်ကို အနည်းဆုံး
သိန်း ၁၀၀လောက်အထိ ပေးရတယ်၊ အခုဟာက ဈေး
ချိုတာပေါ့”ဟု မင်းရဲကျော်စွာယာဉ်ရပ်နား စခန်းမှ ၀ါရင့် ကားဝယ်ရောင်းတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာလ ၆ ရက်တွင် နံနက် ၁၀ နာရီခွဲအချိန်အထိ
ကညန၏ နံပါတ်ထုတ်ပေးမှုမှာ 1G 7753 သို့သာ
ရောက်ရှိသေးသော်လည်း လက်ရှိတွင် 2G 9999
အား ငွေကျပ် ၃၄သိန်းဖြင့် ရောင်းချပြီးစီးခဲ့ကြောင်း
အောက်တိုဘာလ ၁၀ရက်နေ့တွင် 2 G 9999 အားငွေ
ကျပ် ၃၂ သိန်းဖြင့် ရောင်းချခဲ့ကြောင်း ကုန်းလမ်းပို့
ဆောင်ရေး ညွှန်ကြားရေးမှူး၏ ငွေစာရင်းဌာနမှ
သိရသည်။

ရေးသားသူ - ဇော်မျိုး
တည်းဖြတ်- နီတိုး

အေးချမ်းမွန် Credit To >People power https://www.facebook.com/excellencemedia

Post a Comment

 
Top