နိုင်ငံတော်သမ္မတအပါအဝင် ဒုတိယသမ္မတများ ပြန်လည်ရွေးကောက်မည့် ၂ဝ၁၅ မတိုင်မီသမ္မတဖြစ်လိုကြောင်း ပြောကြားသည့် စကားသံများစွာ ယခုနှစ်မှ စ၍ ကောင်း စွာ ကြားလာရသည်။ သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည် ဟူသည့် အချက် ကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၃)တွင် ဖော်ပြထားသည်။ ယင်းအချက်ကြောင့်ပင် သမ္မတဖြစ်လိုသည်ဟု ပြောဆိုမှုများတွင် လူငယ်များထက် လူကြီးပိုင်းများက ပိုမိုအားသန်ခဲ့ဟန်လည်း တူသည်။ သို့သော် လာမည့်ထောင်စုနှစ်များတွင် မြန်မာနိုင်ငံ၏ သမ္မတနေရာများသည် လူငယ်ထုများ အတွက် နေရာ တစ်ခုဖြစ်လာစေရန် မည်ကဲ့သို့ မျှော်မှန်းကြသနည်း။ ရောက်ရှိတက်လှမ်းနိုင်သည့် လူကြီး၊ လူလတ်ပိုင်းများကရော အဆိုပါကန့်သတ်ချက်များသာ မရှိပါက လူငယ်များကို မည်သို့သော ရာခိုင်နှုန်းတစ်ခုထိ အုပ်ချုပ်ရေးအပိုင်းတွင် ပါဝင်စေလိုကြသည်ကို အချို့သော ပုဂ္ဂိုလ်များ၏စကားသံအချို့ဖြင့် စုစည်းဖော်ပြလိုက်သည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က သူများနိုင်ငံတွေမှာဆိုရင် ဝန်ကြီးချုပ်တို့ တိုင်းပြည်ခေါင်းဆောင်အပိုင်းမှာ အသက် ၄ဝ ကျော် တော်တော် များများ တွေ့ ရတယ်။ အမေရိကန်မှာ ဆိုရင်လည်း အိုဘားမားဆိုလည်း အသက် ၄ဝ၊ ၅ဝ ဝန်းကျင်ပဲရှိတယ်။ ဘုရှ်ဆိုလည်းအသက် ၄ဝ၊ ၅ဝလောက်မှာ သမ္မတ ဖြစ်လာ တယ်။ ဥရောပမှာဆိုလည်း အသက် ၄ဝ၊ ၅ဝ အရွယ်တွေဟာ တိုင်းပြည်ခေါင်းဆောင်ပိုင်းမှ ဦးဆောင်နေတာ တွေ့ရတယ်။
လူငယ်တွေအနေနဲ့ နိုင်ငံရေးကိစ္စတွေ မှာ အားနည်းခဲ့လို့၊ နိမ့်ကျခဲ့တဲ့ အနေအထား ဖြစ်တယ်။ အခုတော့ နိုင်ငံရေး ဖြစ်စဉ်ထဲမှာပါဖို့ရှိနေတယ်။ လူငယ်တွေ အနေနဲ့ မဆလခေတ်တစ် လျှောက်လုံး မှာလည်း ပါဝင်ဆောင်ရွက် မှုအားနည်း ခဲ့တယ်။ နိုင်ငံရေးစိတ်ဓာတ်၊ တိုင်းပြည် ချစ်တဲ့ စိတ်ဓာတ်ရှိတဲ့ လူငယ်တွေဟာ အဲဒီအချိန်တုန်းက ထောင်ထဲမှာ၊ တော ထဲမှာ၊ မြေအောက်မှာ ဆိုရင်လည်း ပုန်းလျှိုးပြီးတော့ လုပ်ခဲ့ရတယ်။ အခု တော့ ပွင့်လင်းလာတာနဲ့အမျှ နိုင်ငံ ရေးထဲကို လူငယ်တွေအနေနဲ့ ထဲထဲ ဝင်ဝင် ပါဝင်လာနိုင်ရင် ကျွန်တော်တို့ နိုင်ငံမှာလည်း လူငယ်ခေါင်းဆောင်ပိုင်း တွေ ထွက်လာမယ်လို့ ကျွန်တော်မြင် တယ်ဟု ဆိုသည်။
နေ့စဉ်ထုတ် Voice သတင်းစာ၏ ဒုတိယအယ်ဒီတာချုပ်ဖြစ်သူ ကိုဇေယျသူက ကိုယ့်ဟာကို ဘယ်လောက် မိုးပျံအောင်တော်နေတော်နေ အသက် ၄၅ မပြည့်ရင် သမ္မတ မဖြစ်နိုင်ဘူးပေါ့ဗျာ။ နောက်တစ်ခုက သမ္မတဆိုတာလည်း မြန်မာနိုင်ငံကသမ္မတဆိုတာ အမေရိကန်တို့၊ ဘာတို့လို ရွေးကောက်တင် မြှောက်တာမဟုတ်ဘူးဗျ။ လွှတ်တော် အမတ်တွေက ရွေးကောက်တင်မြှောက်တာဖြစ်တော့ သူ့ရဲ့ပါတီတို့ ဘာတို့ ထောက်ခံချက်ရမှ သမ္မတ ဖြစ်နိုင်မှာပေါ့။
အဲဒီခါကျတော့ လူငယ်တွေထဲက ဆိုရင် လည်း အသက် ၄၅ ပြည့်ပြီးတဲ့သူဆို ဖြစ်နိုင်တာပေါ့။ လူငယ်တွေ မဖြစ်နိုင်ဘူးလားဆိုတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်အနေနဲ့ဆို တော့ နည်းနည်းစောသေးတယ် ထင် တယ်။ ခုမှ စတာဆိုတော့။
ကျွန်တော် ဟောပြောပွဲတွေမှာလည်း သမ္မတ ဖြစ်ချင်လားမေးကြည့် တော့ တော်တော်များများ ဖြစ်ချင်တာ တွေ့ရတယ်။ ရှစ်တန်း၊ ကိုးတန်းတွေက အစ သမ္မတဖြစ်ချင် တယ်။ တစ်နိုင်ငံလုံး ရဲ့ထိပ်ဆုံးခေါင်းဆောင်ဆိုတဲ့ နေရာ မျိုးကျတော့ လူတွက လိုချင်ကြတာပေါ့။ ဒါပေမဲ့ တကယ်ဖြစ်အောင် လုပ်ရမယ် ဆိုတဲ့ အခါကျတော့ ခုနလို ရင်းနှီးပေး ဆပ်ရတာတွေ အများကြီး ရှိလာမှာပေါ့။ ဟု ပြောသည်။
ထို့ပြင် စာရေးဆရာ မျိုးကိုမျိုးကလည်း တိုင်းပြည် အနေနှင့် မျှော်လင့်ထား သည့် ဒေါ်အောင် ဆန်းစုကြည်ကိုသာလျှင် သမ္မတဖြစ်စေချင်သည်ဟု ဆိုသည်။လူငယ်များသမ္မတ ဖြစ်နိုင်၊ မဖြစ်နိုင်ကိုမူ စာရေးဆရာ မျိုးကိုမျိုးက လူငယ်သမ္မတ မရှိခဲ့ဘူးဆိုပေမယ့် တစ်ခုတော့ ရှိတယ်။ အကြမ်းဖျင်းကြည့်ရင် ဦးနုဝန် ကြီးချုပ်ဖြစ်တဲ့အချိန်မှာလည်း အသက် က ၄ဝ ဝန်းကျင်ပဲ ရှိဦးမယ်။ တော်လှန်ရေးကာလ၊ ဗိုလ်ချုပ်ေ အာင်ဆန်း လို ခေါင်းဆောင်ပိုင်းဆိုရင်လည်း ၃ဝ ကျော်ပဲ ရှိဦးမယ်။ အဲဒီတော့ အဲလို နိုင်ငံရေးလှုပ်ရှားမှု ကနေပြီးတော့ မြန်မာ ပြည် လွတ်လပ်ရေးကြိုး ပမ်းတဲ့ ခေါင်းေ ဆာင်တွေနေ ရာယူလာတော့ ဦးနုတို့၊ ဦးကျော်ငြိမ်းတို့ဆိုတာ လူငယ်တွေပါပဲ။
ဒီဦးနုလက်ထက် ပြီးတော့ဦးနေဝင်း စစ်တပ်အာဏာသိမ်းတဲ့အခါမှာ စစ်တပ်က လာတာကိုး၊ စစ်တပ်ကနေ ပြီးတော့ပင်စင်နီးတဲ့သူတွေကို အရပ်ဘက်ပို့ နိုင်ငံရေး အုပ်ချုပ်တဲ့အထဲပို့၊ ပို့ တဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ အသက် ကြီးတဲ့သူတွေကိုပဲ အုပ်ချုပ်ရေးပိုင်းမှာ မြင်လာရတာပေါ့။ အသက်ကြီးတဲ့အခါ ကျတော့ လူမှုဟန် လည်း ရှေးရိုးအရမ်း သိပ်ဆန်တာပေါ့။ ပြောင်းလဲလာဖို့ဆို ရင်တော့ ခေတ်သစ်အမြင်ရှိတဲ့ လူငယ်တွေအကုန်လုံး တိုင်းပြည်မှာသမ္မတဖြစ် သင့်ပြီလို့ မြင်တယ် ဟု ပြော သည်။
အထက်ပါ ပုဂ္ဂိုလ်များအနေနှင့် လူငယ်သမ္မတများ ပေါ်ပေါက်လာရေး အတွက်ဆွေးနွေးကြသော်လည်း ၁၉၆၂ ဗသက အတွင်းရေးမှူးအဖွဲ့ဝင် ဖြစ် သည့် ဦးလှရွှေ (စာရေးဆရာ အောင်သာ (PPP) ကမူ တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေကတည်ငြိမ်နေတယ်လို့ ပြောလို့မှ မရသေးတာဘဲ။ လိမ့်နေတာပဲပေါ့ဗျာ။ ဘိလိ ယက် ဘောလုံး လိုပဲ ပုတ်ထုတ်လိုက်တဲ့အချိန် မှာ ဟိုထိသည်ထိ ပေါ့ဗျာ။ ဒီလိုကာလ မျိုးလေးလို့ ယူဆတယ်။ အဲလိုဆိုတဲ့အခါကျတော့ ပြောတဲ့ဆိုတဲ့နေရာမှာ အင်မတန် ဆင်ခြင်ပြီး ပြောရတယ်။ တကယ်တမ်းကျတော့ ဒီသုံးနှစ်ကျော်ဆိုတာ ဘာမှမဟုတ်သေးဘူးဗျ။ တိုင်းပြည်တစ်ပြည်ရဲ့ ကံကြမ္မာ နဲ့ပြောမယ်ဆိုရင် သုံးနှစ်က ဘာမှမ ဟုတ်ဘူး။
တိုတောင်းပါသေးတယ်။ တကယ်တမ်းမြန်မာပြည်အုပ်ချုပ်မှု ယန္တရားနဲ့ပြောမယ်ဆိုရင် သိပ်တိုတောင်းတဲ့ အချိန်မှာစစ်တပ်နဲ့ ကင်းကင်းရှင်းရှင်း မဖြစ်နိုင်ဘူး။ ကျွန်တော် တို့ဘက်က ကလေးလုပ်လုပ်၊ လူကြီးလုပ်လုပ်၊ သီလရှင်လုပ်လုပ်၊ အဖွားကြီးလုပ်လုပ် ဒီတိုတောင်းတဲ့အချိန်လူထုကြားမှာ ရှင်းရှင်းကင်းကင်း မဖြစ်နိုင်သေး ဘူးလို့ ထင် တယ်။ နောက်ကျတော့လည်း ဖြစ်လာမှာပေါ့ဗျာ။ တိုင်းပြည်က အေးအေးချမ်း ချမ်းဖြစ်လာပြီဆိုရင်တော့ ဖြစ်မှာပေါ့ ဟု ၎င်း၏ အမြင်ကို ပြော သည်။
ထို့ပြင် ၎င်းကပုဂ္ဂလိက အနေနဲ့သမ္မတဖြစ်ချင် တယ်လို့ပြောတာ ဒေါ်အောင်ဆန်းစုကြည်ပဲ။ သမ္မတဖြစ်မှပဲ လုပ်ပိုင်ခွင့်ရှိမှာပဲ။ အဲဒီအခါကျမှလည်း ကျွန်မလုပ်ချင်တာတွေ လုပ်ကိုင်ပေး နိုင်မှာဖြစ်တယ် လို့ ဒေါ်စုကပြောတယ်။ ဒေါ်စုကလည်း ကမ္ဘာသိ၊ မြန်မာသိ ပုဂ္ဂိုလ်ကိုး။
ဒီလိုပြောတာ မတော်တဆ ပြောတယ်လို့ကိုမထင်ဘူး။ အလိုရမ္မက် နဲ့ ပြောတယ်လို့ ကျွန်တော်မထင်ဘူး။ သူဒီလိုပြောတာ ယေဘုယျ ၂ဝဝ၈ ဖွဲ့ စည်းပုံနှင့် ပတ်သက်နေတယ်လို့ ကျွန်တော်ထင်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံက ဦးသိန်း စိန် နောက် ထပ်သမ္မတ မဖြစ်နိုင်တော့ဘူးဆိုရင်ပေါ့။ ဦးရွှေမန်းကလည်း သမ္မတဖြစ်ချင်တယ်လို့ပြောလာတယ်။ အဲဒီတော့ ဒီကြားထဲမှာ ဟုတ်သော်ရှိ မဟုတ်ေ သာ် ရှိပေါ့။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း သမ္မတအဖြစ်နိုင်ဆုံးပုဂ္ဂိုလ်က သူပဲဆိုပြီး ဒီလိုအသံတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူက ခြောက် ဆယ် ကျော်သွားပြီ။ ၆၅ နှစ်ထဲ မှာ မြန်မာပြည်ရဲ့အမှုထမ်းအသက်နဲ့ဆို ၆၅ နှစ်ပြည့်ပြီဆိုရင် သူစစ်တပ်မှာ မရှိတော့ဘူး။
သို့သော် နှိုင်းယှဉ်ချက်အရ ပြောမယ်ဆိုရင် ဒေါ်စုနဲ့သူက မတိမ်းမယိမ်းဘဲ။ သူက ဒေါ်စုထက် နည်းနည်းငယ်တာပေါ့။ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပင်လျှင် သမ္မတ မဖြစ် နိုင်ဘူးလို့ ဘယ်လိုပြောမလဲ။ နောက် တစ်ခုက စစ်တပ်ဆိုတာ လုံခြုံရေးအဖွဲ့ အစည်းဖြစ်တဲ့အတွက် ဘယ်သူမှ သူတို့ ကိစ္စတွေ နံကြားထောက်ပြီး သိနိုင်မှာ မဟုတ်ဘူး။ သိနိုင်လောက်တဲ့ Source တွေ ရင်းမြစ်တွေ ရှိမှသာ ဘာဘာညာညာပြောလို့ ရမယ်။ အချုပ်ပြောချင်တာ သမ္မတဖြစ်နိုင်ခြေရှိတဲ့သူကို နည်းနည်း တော က် နေကြတာပေါ့။ ဒေါ်စုကလည်း ဖြစ်ချင်ဖြစ်မယ်။ဦးရွှေမန်းကလည်း ဖြစ် ချင်ဖြစ်မယ်။ သမ္မတကြီးဦးသိန်းစိန်က တော့လုပ်မှာမဟုတ်တော့ဘူးပေါ့။
ကျွန် တော်တစ်ဦး ချင်းအမြင်ပြောရရင် ဟိုလူ ဒီလူ ဖြစ်မယ် မဖြစ်ဘူး ဘာညာထက် ကျွန်တော်က ဘာကိုပိုစိတ်ဝင်စားလည်း ဆိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ပိုစိတ်ဝင်စား တယ်။ဘာကြောင့်လည်း ဆိုတော့ စစ်တပ်က သူတို့စစ်တပ်ကို အမှန်တကယ် ကိုယ်စားပြုမယ့်သူပေါ့ ဗျာ။ ဆိုလိုတာကတကယ့် စစ်တပ်အာ ဏာကို ကိုင်ထားမဲ့သူက သူတို့အတွက် Safe ဖြစ်ဖို့ သူတို့အတွက် လုံခြုံမှုပေး မယ့်သူကို စဉ်းစားတဲ့အခါကျတော့ မိသားစုထဲမှာ အဖေအမေမရှိရင် အစ် ကို အကြီးဆုံးက တာဝန်ခံရမှာပဲ။
အဲဒီတော့ သမ္မတဖြစ်တဲ့ကိစ္စမှာသဘာဝအားဖြင့် လိုအပ်ချက်အရ ပြောမယ်ဆိုရင် ကျွန်တော်တို့ဘက်က ဒေါ်စုရှိမယ်။ သူ တို့ဘက်ကဆို ဦးရွှေမန်းရှိမယ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ရှိမယ်။ ကျွန်တော့် အမြင်အရပြောရင် အကြောင်းကြောင်း ကြောင့် ဦးသိန်းစိန်က သမ္မတမလုပ် တော့ဘူးလို့ သမ္မတရာထူးလစ်လပ်လို့ သမ္မတ လုပ်ကြမယ် ဆိုရင် စစ်တပ်ကပဲ လာမယ်လို့ထင်တယ်ဟု ပြောသည်။
အေးချမ်းမွန် Credit To >Popular Myanmar News Journal
Post a Comment