အိုအိုင်စီ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို နိုင်ဝင်ဘာ ၁၄ ရက်နေ့မှာ လာရောက်မှာ ဖြစ်ပါတယ်။
အိုအိုင်စီ အဖွဲ့ဝင် ၆ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ လိုက်ပါလာမယ့် ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ အရင်နှစ်က ပဋိပက္ခ ဖြစ်ခဲ့တဲ့ ရခိုင်ဒေသကို သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။
နောက်ပြီး ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို ကန့်သတ်ထားတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေကို အစိုးရ အနေနဲ့ ပြန်လည်သုံးသပ် စဉ်းစား ဖို့ကိုလည်း ဆွေးနွေးမယ်လို့ သိရပါတယ်။
အိုအိုင်စီ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ အရင်နှစ်က မြန်မာပြည်ကို လာဖို့ ကြိုးစား ခဲ့ပေမယ့် ပြည်တွင်းက ကန့်ကွက်မှုတွေကြောင့် မလာရောက်နိုင်ခဲ့ပါ။
အေးချမ်းမွန် Credit To > BBC Burmese
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.