0


နေပြည်တော် နိုဝင်ဘာ ၉
ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ဗုဒ္ဓရှင်လက်ထက်တော်ကပင် တည်ရှိခဲ့ခြင်းဖြစ်၍ စေတီတကာ့စေတီတို့၏ ထိပ်ခေါင်တင် ပင် ဖြစ်ပါတော့သည်။ မြန်မာနိုင်ငံ၏အစိုးရရုံးစိုက်ရာ နေပြည်တော်ကို တည်ထောင်ရာတွင်လည်း ဗုဒ္ဓဘာသာနိုင်ငံတော် တစ်ခု၏ မြို့တော်အင်္ဂါ ရပ်နှင့် ညီစေရန် ရွှေတိဂုံပုံတူ ဥပ္ပါတသန္တိစေတီတော်ကြီး ကို တည်ထား ကိုးကွယ်ခဲ့ကြပါသည်။ဥပ္ပါတသန္တိစေတီတော်က ရွှေတိဂုံစေတီတော်
မြတ်ကြီးထက် ဥာဏ်တော် နိမ့်၍တည်ဆောက် ခဲ့ခြင်းဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တန်ခိုးအာဏုဘော်ကို ယှဉ်ပြိုင်ခြင်းမရှိကြောင်း သက်သေထူခဲ့ခြင်းပင်ဖြစ်သည်။ မည်သည့်စေတီတော်မဆို ဗုဒ္ဓအရှင်မြတ်နှင့် ဗုဒ္ဓဓမ္မတို့၏ ကိုယ်စားအနေဖြင့် သော်လည်းကောင်း၊ ဗုဒ္ဓနှင့် ဗုဒ္ဓ၏တရားတော်များ ထာဝစဉ်ရှင်သန်နေစေရန် ရည်ရွယ်၍သော်လည်းကောင်း၊ မွန်မြတ်သော နှလုံးသားဖြင့် ဗုဒ္ဓဘာသာ၏အကျိုးတော်အတွက် တည်ဆောက်ခဲ့ခြင်းသာဖြစ်ပါသည်။
နိုင်ငံပိုင်သတင်းစာသုံးစောင်တွင် ဖော်ပြရာတွင်လည်း ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကျင်းပသော ဗုဒ္ဓဘာသာဆိုင်ရာ အထွတ်အမြတ်ပွဲတော်များကို ရှေ့မျက်နှာဖုံးတွင် ကြည်ညိုထင်ရှားစွာ အသားပေး ဖော်ပြပါ သည်။ (ဥပမာ- ပြီးခဲ့သော သီတင်းကျွတ်လပြည့်နေ့)
နေပြည်တော်သည် အစိုးရရုံးစိုက်ရာဖြစ်၍ ဥပ္ပါတသန္တိစေတီတွင် ကျင်းပသော ဘာသာရေးဆိုင်ရာ အခမ်းအနားများတွင် နိုင်ငံတော်၏ သံဃာ့မဟာနာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော်အကြီးအကဲများ တက်ရောက်ကြည်ညိုကြရာ ရံဖန်ရံခါဆိုသလို အဆိုပါသတင်းများကို ဦးစားပေးဖော်ပြရင်ဥပ္ပါတသန္တိ စေတီတော်သည် ရှေ့သို့ရောက်သွားခြင်းမျိုး
များလည်း ရှိတတ်ပါသည်။ သို့ရာတွင် နိုဝင်ဘာ၉-၁၅ရက်နေ့ ထုတ် မြန်မာသံတော်ဆင့်တွင် ဖော်ပြထားသကဲ့သို့ ရွှေတိဂုံစေတီတော်မြတ်ကြီးထက်ပို၍ မည်သည့် စေတီ တော်ကိုမျှ ဦးစားပေးခြင်းမျိုး မရှိခဲ့ပါ။
ထို့အပြင်ကိုအောင်သူရသည် မြန်မာသံတော်ဆင့်တွင် ဖော်ပြထားသကဲ့သို့ မြန်မာ့အလင်း၏ ဝန်ထမ်း တစ်ဦးမဟုတ်ပါ။ မြန်မာ့အလင်းသတင်းစာသို့ သတင်းပေး ပို့လေ့ရှိသော အလွတ်သတင်းထောက် တစ်ဦးမျှသာ ဖြစ်ပါသည်။

အေးချမ်းမွန် Credit To > The Mirror Daily https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top