Saturday, November 16, 2013
ဇာတ်ကားတွေမှာ ပီပြင်စွာနဲ့ ကလေး သရုပ်ဆောင် တစ် ယောက် အဖြစ် သရုပ်ဆောင်လေ့ ရှိတဲ့ ယွန်းယွန်းက ဇာတ်ကားတွေကို မိသားစုတွေ နဲ့ အကုန် တိုင်ပင်ပြီးမှ လက် ခံလေ့ ရှိတယ်လို့ ပြောပြပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးတဲ့ အခါ ပရိသတ်တွေ ရဲ့အမြင်ကိုပါ ထည့် စဉ်းစား လာတယ်လို့
ပြောပြတဲ့ ယွန်းယွန်းက….
“ကြော်ငြာတွေ ရိုက်တယ်။ ငယ်ငယ် ကတည်းက ဒီလိုပဲ နှစ်ဖက်မျှ လုပ်နေကြဆိုတော့ နှစ်ဖက် စလုံးနိုင်နိုင် နင်းနင်း ရှိပါတယ်။ ဖေဖေနဲ့
မေမေတို့ကလည်း ဝိုင်းကူပြီး လုပ်ပေး တယ်လေ။ သမီးက အနုပညာ အလုပ်တွေ စလုပ်တုန်းက ငယ်ငယ်လေးပဲ ရှိသေးတော့ ဘာခံစားချက် မှ မရှိသေး ဘူးလေ ။နောက်ပိုင်း ဇာတ်ကားတွေကို ရိုက်ရင်းနဲ့ အနုပညာ အလုပ်ကို ချစ်မြတ်နိုး လာတာပါ။ သမီးကို လက်တွဲခေါ် ပေးကြတဲ့ စီနီယာတွေ အကုန်လုံး ကိုလည်း ကျေးဇူး တင်ပါတယ်။ အခု ဇာတ်လမ်းတွဲ ရိုက်ဖို့ ပြောထားတာ ရှိတယ်။ ပထမဆုံး ဇာတ်လမ်းတွဲပေါ့။ ဇာတ်လမ်းတွေ က ငယ်ငယ်တုန်း ကတော့ ဘာမှ မသိသေးတော့ သိပ် မခက်ခဲဘူး။ ကိုယ်ပင်ပန်း မလား ဆိုတာပဲ ရှိတယ်။ အခု ကြီးလာတော့ ပရိသတ် ရဲ့အမြင်ကိုပါ ထည့် စဉ်းစားလာရတယ်။ ဒီလို အပြောင်းအလဲ အချိန်မှာ
မေမေနဲ့ လည်းသေချာ ညှိနှိုင်း ဖေဖေရဲ့ အကြံဥာဏ် ကိုယူပြီး သေသေ
ချာချာ ဆုံးဖြတ်ပါတယ်။ သမီးမမြင် သေးတဲ့ ရှုထောင့်တွေ ကနေ စဉ်းစားပေးတယ်လေ” လို့ပြောပြပါတယ်။
ကလေး သရုပ်ဆောင် တစ်ယောက် အနေနဲ့ဇာတ်ကားတွေ ရိုက်ကူးမှု အပြင် အဓိက သရုပ်ဆောင် တစ်ယောက် အနေနဲ့ ဇာတ်ကားတွေ ရိုက်ကူး ဖို့နဲ့ ပတ်သက်ပြီး “သမီးကို ရုပ်ရှင်ကားကြီး တစ်ကား နဲ့ဗီဒီယိုကား တစ်ကားကို ကမ်းလှမ်းတာကို မိသားစုတွေ အကုန်လုံး တိုင်ပင်ပြီးတော့
ငြင်းခဲ့ပါတယ်။ မဖြစ်သင့်သေး တာရော၊ ပရိသတ်တွေ လက်မခံသေးမှာ စိုးတဲ့အတွက် ရော ပညာရေးဘက်မှာ အားလျော့သွား မှာစိုးတဲ့ အတွက်ကြောင့်ပါ။ ပေး လာတဲ့ ဇာတ်လမ်းပေါ် မှာရော မူတည်ပြီး ပရိသတ် ဘက်က အမြင်ရော၊ သမီး စိတ်ပါဝင်စားတဲ့ အပေါ် မူတည်ပါတယ်။ သမီးလုပ်နိုင်တဲ့ ဇာတ်လမ်း မျိုးတွေဆိုကျောင်း မပြီးခင် ရိုက်နိုင်ပါတယ်” လို့ ပြောပါတယ်။
မေမွန်မောင်
အေးချမ်းမွန် Credit To >popular myanmar
Post a Comment