Saturday, November 16, 2013
မျိုးရိုးအမည်ကို ဖော်ပြရန် ငြင်းဆန်ထားသည့် ဟောင်းဝပ်သည် ဧပြီလက ကင်မ်ကဲ့သို့ ဝတ်ဆင်ထားသည့် ဓာတ်ပုံကို အင်တာနက်တွင် လွှင့်တင်ရာမှ စတင်လူသိများလာခဲ့
နာမည်ဆိုးဖြင့် ကျော်ဇောလွန်းသူ တစ်ဦးနှင့် ဆင်တူလျှင်ပင် လူအများ၏
နှစ်သက် အာရုံစိုက်ခြင်းကို ခံရနိုင်ကြောင်း ဟောင်ကောင်တွင် နေထိုင်သည့် ဂီတသမား တစ်ဦးက လက်တွေ့ ပြသခဲ့သည်။
အသက်(၃၅)နှစ်ရှိသူ ဟောင်းဝပ်သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် အလွန်တူသဖြင့် လူသိများသူ တစ်ဦးဖြစ်သည်။ ၎င်း၏ မျိုးရိုးအမည်ကို ဖော်ပြရန် ငြင်းဆန်ထားသည့် ဟောင်းဝပ်သည် ဧပြီလက ကင်မ်ကဲ့သို့ ဝတ်ဆင်ထားသည့် ဓာတ်ပုံကို အင်တာနက်တွင် လွှင့်တင်ရာမှ စတင်လူသိများလာခဲ့သည်။ (၂၀၁၁)ခုနှစ်က စတင်၍ အာဏာရလာပြီး ခက်ထန်ကြမ်းကြုတ်သူ တစ်ဦးအဖြစ် ကမ္ဘာသိ ထင်ရှားသည့် ကင်မ်နှင့်
ဟောင်းဝပ်တို့ကြား ခန္ဓာကိုယ် အချိုးအစားနှင့် ရုပ်ရည်အရ ဆင်တူမှု အများအပြား ရှိနေသည်။
ဟောင်းဝပ်က တစ်ခါတစ်ရံတွင် ဟောင်ကောင်မြို့ထဲ လှည့်လည်သွားလာရာ လူအများက ၎င်းနှင့် အမှတ်တရ အပျော်သဘော ဓာတ်ပုံအရိုက်ခံရန် ခွင့်တောင်းလေ့ ရှိကြသည်။ ၎င်းက "ကင်မ်နဲ့ တူဖို့အတွက် အဓိကလိုအပ်
ချက်က အမြဲတမ်း စိတ်မကြည်မလင် ဖြစ်နေပုံ၊ သုန်သုန်မှုန်မှုန် မျက်နှာမျိုး
ဖြစ်ရမယ်။ ဒါက သူ့ရဲ့ ကိုယ်ပိုင် သင်္ကေတပဲ။ သူ့ပုံစံ ဆံပင်ဖြီးထားပြီး မျက်နှာ ပုပ်သိုးသိုးနဲ့ လမ်းထွက်သွားရင် လူတိုင်းက ပြုံးစိစိ ဖြစ်ကုန်တာ
ပါပဲ"ဟု ရှင်းပြခဲ့သည်။ မကြာသေးမီက ဟောင်းဝပ်သည် အမေရိကန်ကို
နူကလီးယားဖြင့် တိုက်ခိုက်မည်ဟု ကြိမ်းမောင်းနေသည့် ကင်မ်၏ ပုံစံမျိုးဖြင့် အစ္စရေး ဘာဂါကြော်ငြာ တစ်ခုတွင် သရုပ်ဆောင်ပေးခဲ့သေးသည်။
ဟောင်ကောင်တွင် မွေးဖွားသော ဩစတြေးလျ နိုင်ငံသား ဟောင်းဝပ်က "ဒါက ကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ် အခွင့်အလမ်း တစ်ခုလို့ ထင်ပါ
တယ်။ နောက်ပြီး ကင်မ်က သူနဲ့ရုပ်တူတဲ့ ကိုယ်ပွားတစ်ယောက်ယောက် ထားချင်ရင် ကျွန်တော်က အသင့်တော်ဆုံး မဟုတ်လား"ဟုလည်း ရယ်ရယ်မောမော မှတ်ချက်ပြုသွားသည်။
အေးချမ်းမွန် Credit To >Planet Myanmar Network
Post a Comment