Saturday, November 16, 2013
ဗိုလ်ချုပ်ဇာတ်ကား ထုတ်လုပ်ရေး ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးချယ်သွားမည်ဟု သိရသည်။
“ကျွန်တော်တို့က ဒီဇာတ်ကားဖြစ် မြောက်ဖို့ ဝိုင်းဝန်း လုပ်ဆောင် ပေးတာပါ။ အမေစုထုတ် လုပ်ရေး ရွေးချယ်ပြီးတာနဲ့ စတင် ရိုက်ကူးနိုင်မှာပါ”ဟု ပြန်ကြား ရေး တာဝန် ရှိသူ ဦးဇော်သက်ထွေးက ပြောသည်။
”ဗိုလ်ချုပ် ဇာတ်ကား စရိုက်ကူးဖို့ ဆိုရင် ကျွန်တော်တို့ဘက်က အဆင်သင့် ဖြစ်နေပါပြီ” ဟု ¤င်းကပြောသည်။
”ကျွန်တော်တို့ ဘက်က စာညွှန်း ရော၊ သမိုင်း အထောက်အထားရော အားလုံး သေသေချာချာ စိစစ်လုပ် ဆောင်ခဲ့ပြီးပြီ” ဟု ၄င်းက ဆက်ပြော သည်။
ဗိုလ်ချုပ်အောင်ဆန်း နေရာတွင်ပါ ဝင်သရုပ်ဆောင်မည့် ကျော်ကျော်မျိုး နှင့် ဒေါ်ခင်ကြည်နေရာတွင် ပါဝင်သရုပ် ဆောင်မည့် ဇာခြည်လင်း တို့ကို စစ်သင်တန်းနှင့် သူနာပြု သင်တန်းကို ပို့ဆောင် ထားကြောင်းလည်း သိရသည်။
”ကျော်ကျော်မျိုး ကို စစ်သင်တန်းပို့ ထားတယ်။ ဘယ်နေရာကို ဆိုတာတော့ ဖော်ပြခွင့် မရဘူး။ ဒါက စည်းမျဉ်းစည်း ကမ်းပါ။ ဇာခြည်လင်း ကိုတော့ သူနာပြု သင်တန်းပို့ ဖို့ စတင် စီစဉ်နေပါတယ်”ဟု ၄င်းကဆိုသည်။
ဗိုလ်ချုပ် အောင်ဆန်း ဇာတ်ကား တွင် ပရိသတ်များ စိတ်ဝင်စားခံရသူ ဂဠုန် ဦးစောနေရာကို ယခုအချိန်အထိ ရွေးချယ်မှု အတည်မပြု ရသေးဘဲ လျာ ထားခြင်းသာ ရှိသေးကြောင်း သိရသည်။
”ဂဠုန်ဦးစော နေရာကို အတည်ပြု မရွေးချယ်ရသေးဘူး။ အကြောင်းက
တော့ ဒီနေရာကလည်း သရုပ်ဆောင် ပီပြင်ဖို့ လိုတယ်။ အနုပညာ နယ်ပယ်က လူလည်း ဖြစ်နိုင် တယ်”ဟု ဦးဇော်သက် ထွေးက ပြော
သည်။
ထူးထူး
အေးချမ်းမွန် Credit To >popular myanmar
Post a Comment