နိုဝင်ဘာ ၂၉။
ရုရှားအာဏာပိုင်များက ကာကွယ်ရေးဝန်ကြီးဟောင်း အနာဆိုလီဆာဒူကော့ဗ်ကို သူတာဝန်ထမ်းဆောင်စဉ်က
ပြည်သူ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁.၇သန်းခန့်
ပျောက်ဆုံးမှုအတွက် အမှုဖွင့် တရားစွဲဆိုလိုက်ကြောင်း
သိရသည်။
စစ်ဘက်စုံးစမ်းစစ်ဆေးရေးဌာနက ဆာဒူကော့ဗက်၏
ပေါ့ဆမှုသည် ရာဇ၀တ်မှုမြောက်စေခဲ့သည်ဟု
သတ်မှတ်ခဲ့ကြောင်း စုံးစမ်းစစ်ဆေးရေးကော်တီမှ ပြောရေး
ဆိုခွင့်ရှိသူ ဗလာဒီမြာမာကင်က နိုဝင်ဘာ ၂၈ရက်က
ပြောကြားခဲ့သည်။
ဆာဒူကော့ဗ် သည် ၂၀၀၇ခုနှစ်မှာ ၂၀၁၂ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်ဆောင်ခဲ့သည်။
သူ့ကို စုံစမ်းစစ်ဆေးရေး ကော်မတီက စစ်ဆေးရန်
ဆင့်ခေါ်ခဲ့သည်။
အကယ်၍ ပြစ်မှုထင်ရှားခဲ့လျှင် ဆာဒူကော့ဗ်သည် ထောင်ဒဏ်
သုံးလမှ တစ်နှစ်အထိ ကျခံရမည်ဖြစ်သည်။
ဆာဒူကော့ဗ်ကို သမ္မတ ဗလာဒီမြာပူတင်က စစ်တပ်အတွင်း အဆင့်မြင့်အရာရှိများ နေရာပေးရာတွင် လာဘ်စားခဲ့သည်
ဟူသော စွတ်စွဲချက်ဖြင့် တာဝန်မှ ရပ်ဆိုင်းခဲ့သည်။ စုံစမ်းစစ်ဆေးရေးကော်မတီသည် ဆာဒူကော့ဗ်ကို
ရာဇ၀တ်မှု ငါးမှုဖြင့် အမှုဖွင့် တရားစွဲခဲ့ဖူးသည်။
Ref: Xinhua
အေးချမ်းမွန် Credit To >The Myanma Age < Thankhttps://www.facebook.com/excellencemedia

Post a Comment