နိုဝင်ဘာ ၂၉။
အမေရိကန်သည် Apptricity မှ စစ်ဘက်သုံးဆော့ဖ်ဝဲကို ကွန်ပျူတာများတွင် ကော်ပီကူးကာ ပွားသုံးခဲ့သည့်အတွက်
ဒေါ်လာ သန်း၅၀ (ပေါင် ၃၁သန်း) ပေးလျှော်ရန် သဘောတူ
လိုက်ရသည်။
တက္ကဆက်အခြေစိုက် Apptricity သည် ၂၀၀၄ ခုနှစ်ကတည်းက စစ်တပ်ကို ဆော့ဖ်ဝဲထောက်ပံ့ပေးခဲ့သော ကုမ္ပဏီဖြစ်သည်။
လွန်ခဲ့သောနှစ်ကမူ အမေရိကန်စစ်တပ်သည် ဆော့ဖ်ဝဲများကို စက်များစွာတွင် ပွားသုံးထားသူကို တွေ့ခဲ့သည့်။ အစပိုင်းကမူ
စစ်တပ်က မည်သည့် တုန့်ပြန်မှုမှ မပြုခဲပေ့။
Apptricity ကုမ္ပဏီ၏ ဆော့ဖ်ဝဲသည် စစ်သည်များ၏ တည်နေရာကို ရှာဖွေရန်၊ ထောက်ပံ့ပေးအတွက် ခြေရာခံရန်သာမက ကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်စွမ်းသည်။ ၂၀၁၀ခုနှစ် ဟိုက်တိ ငလျှင်လှုပ်စဉ်ကလည်း ကယ်ဆယ် ရေး လုပ်ငန်းစဉ်များတွင် အသုံးချခဲ့သည်။ တရားရုံးမှ အထောက်အထားများအရ
ယင်းဆော့ဖ်ဝဲကို စစ်တပ်တွင် သုံးစွဲသူ ၅၀၀ အထိသာဟု ကန့်သတ်ထားသော်လည်း user ၉၀၀၀ အထိ သုံးစွဲခဲ့ခြင်းဖြစ်သည်။
Apptricity က လျှော်ကြေး ၂၂၄သန်းပေးရန် တောင်းဆိုခဲ့သော်လည်း
သန်း ၅၀ပေးရန် အမိန့်ချခဲ့သည်။ ဒုတိယ သမ္မတ ဂျိုးဘီဒင်က Piracy လုပ်ခြင်းကို အရိုးဆုံးနှင့် အ၇ှင်းဆုံး ပြောရလျှင် ခိုးသုံးခြင်းသာ
ဖြစ်သည်ဟု ဆိုထားသည်။
Ref: AFP
အေးချမ်းမွန် Credit To >The Myanma Age < Thankhttps://www.facebook.com/excellencemedia

Post a Comment