ရန်ကုန်၊ နိုဝင်ဘာ ၂၇ ၂၆.၁၁.၂၀၁၃ရက်နေ့ ၂၀၀၀အချိန် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း အတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း မင်းဦး (ဘ)ဦးအုန်းဟန်၊ သဇင်လမ်း၊ (၉)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်နေသူ မောင်းနှင်လာသော CC/-----ပရိုဘောက်(ငွေမင်ရောင်)ယာဉ်သည် တာမွေဈေးမှတ် တိုင်အနီးအရောက် လမ်းဖြတ်ကူးသူ အမည်မသိနေရပ်လိပ်စာ(စုံစမ်းဆဲ)၊ အသက် (၆၀)နှစ်ခန့်(ဗမာ) အမျိုးသားတစ်ဦးအား တိုက်မိသဖြင့် ယာဂျိုစောင်းစုတ်ပြဲ၊ နဖူးယာဘက်ပွန်း၊ ယာပါးပွန်း၊ ယာမျက်လုံးဖူးယောင်၊ ယာခြေခုံပွန်း(သတိမရ)ဒဏ်ရများရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ကုသရသောကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ မင်းဦးအား တာမွေမြို့မရဲစခန်းယာဉ် (ပ)၅၄/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
အေးချမ်းမွန် Credit To >Yangon Police
Post a Comment