0

ဖနိဒါ| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၁၃ ခုနှစ်

ချင်းမိုင်(မဇ္စျိမ)။ ။ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးရန် ရန်ကုန်မြို့ မြန်မာ့နိုင်ငံရေးပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်များ ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #NLD ဒေါ်နန်းခင်ထွေးမြင့်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ #NDF ဥက္ကဌ ဦးခင်မောင်ဆွေ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ၊ ကျားဖြူပါတီခေါ် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် #SNDP ဦးစိုင်းအိုက်ပေါင်း၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါ်သန်းသန်းနုနှင့် အခြား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၊ ချင်းအမျိုးသားပါတီ#CNP၊ ချင်းတိုးတက်ရေးပါတီ #CPP၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့မှ ကိုယ်စားလှယ်များ အပါအဝင် ၁၁ ဦး တက်ရောက်ကြမည် ဖြစ်သည်။

မြန်မာနိုင်ငံရေး ဆွေးနွေးမှုများတွင် ယုံကြည်မှု ပိုရလာစေရန် နိုင်ငံရေးပါတီများပါ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသူ NDF ပါတီမှ ဦးခင်မောင်ဆွေက မဇ္စျိမကို ပြောသည်။

“ကျနော်တို့ လာကတည်းကိုက နိုင်ငံရေးဆွေးနွေးမှုတွေကို စဖို့အတွက် ကျန်ာတို့ နိုင်ငံရေးပါတီတွေ ဝင်လာပြီဆိုတာကို အချက်ပြတဲ့သဘောပါဘဲ။ ဆွေးနွေးချင်တာကတော့ နိုင်ငံရေးဆွေးနွေးမှု ယုံကြည်မှု ပိုမို ရသွားအောင် နှစ်ဖက်ကျနော်တို့ စကားစမြည်ပြောရင်းနဲ့ စလာတဲ့အစအနတွေကို တည်ဆောက်ပြီးတော့ ယုံကြည်မှု ပိုရှိသွားအောင် ကျနော်တို့ ပါတီတွေ ကူညီတဲ့သဘောပါဘဲ”ဟု သူက ပြောသည်။

ဆွေးနွေးပွဲ တက်ရောက်ရန် မြန်မာ့ငြိမ်းချမ်းရေးဂေဟာ MPC မှ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အပါအဝင် ၁၂ ပါတီအား ဖိတ်ကြားထား တက်ရောက်လာခြင်း မရှိခဲ့ပေ။

ထိုတွေ့ဆုံပွဲသို့ တက်ရောက်ရန်အတွက် ရန်ကုန်မြို့တွင် ရောက်ရှိနေသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်သည်လည်း ယနေ့ ညနေပိုင်းတွင် ချင်းမိုင်မြို့သို့ ရောက်ရှိလာမည် ဖြစ်သည်။

#UNFC အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၇ ဦး တက်ရောက်ဆွေးနွေးမည် ဖြစ်ပြီး ၄င်းတို့၏ မူဘောင်များကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း UNFC ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ကျနော်တို့နဲ့ ၉ နာရီစမယ်။ နေ့တဝက်ဘဲ UNFC နဲ့တွေ့မယ်။ ကျနော်တို့က ကျနော်တို့ရဲ UNFC ပေါ်လစီတွေဘဲ ဆွေးနွေးမယ်။ လိုင်ဇာမှာချတဲ့ မူဘောင်တွေဘဲ ဆွေးနွေးမယ်”ဟု သူက မဇ္စျိမကို ပြောသည်။

မနက်ဖြန် နံနက် ၉ နာရီတွင် ချင်းမိုင်မြို့ရှိ sheik Istana ဟိုတယ်တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top