(၆၈) နှစ်၊ တပ်မတော်နေ့ မှာ ကြယ်စင်မော်ကွန်းရုပ်ရှင်ဇာတ်ကား ကို မြဝတီရုပ်မြင်သံကြားမှထုတ်လွှင့်ပြသခဲ့ပြီးနောက် ရှေ့ဆောင်ရုပ်ရှင်ရုံမှာ ရုံတင်ပြသခဲ့ပါတယ်။ ရုပ်ရှင်ရုံမှာ ပြသစဉ်ပရိသတ် တစ်ခဲနက် အားပေးခဲ့ကြပါတယ်။
ကြယ်စင်မော်ကွန်းဇာတ်ကားကို ဒါရိုက်တာပန်းချီစိုးမိုးရိုက်ကူးပြီး သရုပ်ဆောင်များအဖြစ် လူမင်း၊ နေ တိုး၊ ဝေဠုကျော်၊ စိုးရန်အောင်၊ အိန္ဒြာကျော်ဇင်၊ ပန်းဖြူစတဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင် သရုပ်ဆောင်ထားပါတယ်။ အဆိုပါဇာတ်ကားမှာ ခေတ် အဆက် ဆက် တပ် မတော်သမိုင်းကို ကိုးနှစ်ကြာ ရိုက်ကူး ထားကြောင်းသိရပါတယ်။
ကြယ်စင်မော်ကွန်းဇာတ်ကားကို ခြယ်မှုန်းခဲ့တဲ့ ဒါရိုက်တာ ပန်းချီစိုးမိုးကို တပ်မတော် နေ့ဂုဏ်ပြုဇာတ်ကားနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကိုမေးကြည့် တော့ ” ခေတ်အဆက် ဆက် တပ်မတော်ဇာတ်ကားတွေ တော်တော်များများ ရိုက်ကြပါတယ်။ လူတိုင်းက စစ်ကားဆို ကြိုက်ကြပေမယ့် သို့သော် စစ်ဖြစ်တာကို မကြိုက်ကြဘူး။ ကလေး ငယ်ေ တွ သေနတ်နဲ့ ဆော့တာ ကိုမြင်ရင် မေးကြည့်လိုက်၊ ကြီးလာရင်ဘာလုပ်မှာလဲ၊ စစ်ဗိုလ်လုပ်မယ်။ ဒါပဲဖြေမှာပဲ။
အထူးသဖြင့် နိုင်ငံရေးအမြင်၊ တပ်မတော် အမြင်၊ ပြည်သူ့ အမြင်တွေ ကွဲပြားကြတယ်။ တပ်မတော်နဲ့ ပြည်သူကြား အမုန်းတရား ရှိတယ်ဆိုတာ ပုဂ္ဂိုလ်ရေးအရရှိမယ်၊ မရှိဘူးမပြောဘူး။ တပ်မတော်ကိုမုန်းလို့ စစ် ကားမကြည့်ဘူး။ တပ်မတော်ကိုမုန်းစရာ အကြောင်းရှိတယ်။ ဒါက သဘာဝပဲ။ ပြောဆိုဝေဖန် ကြတာပဲ။ ဗိုလ်ချုပ်ကိုတော့ လူတိုင်း ချစ်ခင်လေးစားတာပါ” လို့ ပြောပါ တယ်။ ပြည် သူချစ်ခင်လေးစားတဲ့ သူရဲကောင်းတစ်ဦးအကြောင်း ရိုက်ပြမယ်ဆိုရင် ဘေးကဝေဖန်သံတွေက ပေါ်လာစမြဲပဲ၊ ဘယ်လိုသုံးသပ်မိပါသလဲလို့မေးကြည့်တော့..
” ကမ္ဘာပေါ်မှာ ဂန္ဓီကားတစ်ကားပဲ အတူဆုံးပါ။ နှစ်ယောက်စလုံး ချွတ်စွပ်တူရင် ဘယ်လိုလုပ်ပြီးသူရဲကောင်း ဖြစ်မှာလဲ။ ရုပ်တူပြီး စာရိတ္တမကောင်းရင် ဘယ်လိုမှဝင်ပြီး ပုံတူသရုပ်ဆောင်လို့မရဘူး။ ချွတ်စွပ်တူဖို့ကတော့ ရှားတယ်။ ဇာတ်ကား မကောင်းရင် ဘာကားပဲရိုက်ရိုက်အမြင်မတူဘဲ ကွဲပြားကြတာပဲ။ ဝေဖန်မှုက တော့ ရပ်တန့် လို့ မရဘူး။ ပြောကြမှာပဲ။ ဗိုလ်ချုပ် တပ်မတော် ဇာတ် ကိုရိုက်မယ်ဆို အများကြီးပဲ။ ရိုက်စရာတွေ ကများလွန်းလို့ တစ်မိနစ်ပြဖို့ ရှစ်ရက်အထိ တောင် စီစဉ်ရတာမျိုး လည်း ကြုံဖူးတာပဲ” လို့ ပြောပြခဲ့ပါတယ်။
တပ်မတော်ဂုဏ်ပြုဇာတ်ကားရိုက်ကူးတဲ့ ဒါရိုက်တာတွေ နည်းသွားတဲ့အပေါ် ဘယ်လိုမြင်မိလဲမေးကြည့်တော့ ” ငွေကြေး အင်အားကြောင့်လည်းပါမယ်၊ ရိုက်ပြစရာတွေ ဇာတ်လမ်းတွေက အများကြီးပဲ။ ပီပြင်ဖို့ဆိုတာက ကုန်ကျစရိတ်အပေါ်မှာ မူတည်တယ်။ ရိုက်ချင်စိတ်တော့ရှိပြီး ရိုက်နိုင်ဖို့ ငွေကြေးမလုံလောက်ရင် ဘာမှ လုပ်လို့မရဘူး” လို့ ပြောပြခဲ့ပါတယ်။
ထူးထူး
Aye Chan Mon# Credit To : Popular Journal > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.