မဇ္ဈိမသတင်းဌာန| သောကြာနေ့၊ နိုဝင်ဘာလ ၈ ရက် ၂၀၁၃ ခုနှစ်
ဒီဇင်ဘာလ ၁၁ရက်မှ ၂၂ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် တီဗီ Channel လိုင်း သုံးလိုင်း ထပ်တိုးမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ဒု-အင်ဂျင်နီယာချုပ် ဦးလှိုင်မိုးက နိုဝင်ဘာလ ၈ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း၌ ပြောသည်။
ထပ်မံတိုးချဲ့မည့် ရုပ်သံလိုင်း သုံးလိုင်းတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ငွေဆောင်တို့တွင် ကျင်းပမည့် ဆီးဂိမ်းအားကစား ပြိုင်ပွဲများကိုသာ ထုတ်လွှင့်မည်ဖြစ်သည်။
အေးချမ်းမွန် Credit To >Mizzima - News in Burmese
https://www.facebook.com/
Post a Comment