0


နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့ အစည်း၏ စီမံခန့် ခွဲမှု ဒါရိုက်တာ Ms. Christine Lagarde သည် ဒီဇင်ဘာ ပထမပတ်အတွင်း မြန်မာနိုင်ငံအား လာရောက်ရန်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအကြီးအကဲများနှင့် တွေ့ဆုံမှုများ ပြုလုပ်ရန်ရှိကြောင်း သိရသည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘောဒီးယားနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ တို့ အား သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။ Ms. Christine Lagarde သည်နိုင်ငံသုံးနိုင်ငံမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရ အကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသမီးခေါင်းဆောင်များ၊ ကျောင်းသားများ၊ ဉာဏ်ကြီးရှင်အဖွဲ့ မှကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍများနှင့် လူမှုအခြေပြုအဖွဲ့အ စည်းများအား တွေ့ဆုံသွားမည်ဖြစ်သည်။

''မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့  ကိုရီးယားနိုင်ငံတွေကို နိုင်ငံတကာငွေကြေးဆိုင်ရာအဖွဲ့ အစည်းစီမံခန့် ခွဲမှု ဒါရိုက်တာအနေနဲ့  ပထမဦးဆုံးခရီးစဉ်မှာ အများကြီးရှေးရှုထားပါတယ်။ ကျွန်မအနေနဲ့ အပြောင်းအလဲ အခြေအနေမတူတဲ့ နိုင်ငံသုံးနိုင်ငံကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံ ဟာဆိုရင် ကမ္ဘာ့အဆင့် ၁၃ ရှိတဲ့ စီးပွားရေးကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဆိုရင်လည်း စီးပွားရေးတိုးတက်မှု ရှေ့ရောက်တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါ တယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာလည်း မရေတွက်နိုင်တဲ့ ပိုင်ဆိုင်မှုတွေအတွက် အလွန်ကိုတက်ကြွ နိုးကြားမှုတွေ ဖြစ်ပေါ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်'' ဟု Ms. Christine Lagarde ပြောသည်။

ခရီးစဉ်အား ဒီဇင်ဘာ ၂ ရက်တွင် စတင်မည်ဖြစ်ပြီး ခရီးစဉ်၏ နောက်ဆုံးနိုင်ငံ ဖြစ်သော မြန်မာနိုင်ငံသို့  ၆ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း အစိုးရဘက်မှ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်တို့ နှင့် တွေ့ ဆုံသွားမည် ဖြစ်ပြီး မြန်မာအမျိုးသမီးဖိုရမ်အားလည်း တက်ရောက်၍ စီးပွားရေးနယ်ပယ်တွင် အမျိုးသမီးများ၏ကဏ္ဍအား အသားပေးပြောကြားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင်လည်း မိန့်ခွန်းပြောကြား သွားရန်ရှိကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top