0
ကျနော်တို့ မြန်မာ့သမိုင်းမှာ အချင်းချင်းမညီညွတ်လို့၊ သူ့လူ ငါ့လူခွဲခြားခဲ့လို့ ဖြစ်ပေါ်ခဲ့ရတဲ့ သမိုင်းအမည်းစက်တွေအများကြီးရှိတာကိုတော့ သမိုင်းဆရာများ၊ သုတေသီများ သိပြီးဖြစ်ပါတယ်။ ဂျပန်ကိုစစ်ပညာသင်သွားခဲ့တဲ့ ရဲဘော်သုံးကျိပ်မှာကိုပဲ သခင်ကိုယ်တော်မှိုင်းရဲ့ တို့ဗမာအစည်းအရုံးက သခင် ၁၇ ဦး၊ သခင်ဗစိန်၊သခင်ထွန်းအုပ်တို့ ဦးဆောင်တဲ့ တို့ဗမာအစည်းအရုံးကသခင်က ၈ ဦး၊ ကျောင်းသားအဖွဲ့က ၄ ဦး၊ ဂျပန်မှာရောက်နေတဲ့ ပညာတော်သင်က ၁ ဦးပေါင်းပြီးရဲဘော်သုံးကျပ်ရယ်လို့ဖြစ်လာရတာပါ။အဲဒီအဖွဲ့ထဲက သခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ တို့ဗမာအစည်းအရုံးက သခင်အောင်ဆန်းနဲ့ သခင်ဗစိန်နဲ့သခင်ထွန်းအုပ်အဖွဲ့က သခင်ရှုမောင် (ဗိုလ်နေ၀င်း)တို့ဟာ သမိုင်းအလှည့်အပြောင်းနှစ်ခုကိုဦးဆောင်ခဲ့သူများပါ။ အဲဒီအကွဲနှစ်ခုကစခဲ့တဲ့ အကွဲအပြဲဟာအခုအချိန်ထိ ရိုက်ခတ်မှုရှိနေသေးတယ်လို့လည်း ပြောချင်ပါတယ်။ ဦးနေ၀င်းရဲ့ အမွေခံစစ်သူရဲကောင်းများကိုဆက်ခံတဲ့ ဒီကနေ့စစ်တပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဒေါ်အောင်ဆန်းစုကြည်တို့ဟာအခုအချိန်ထိစေ့စပ်ဆဲ ညှိနှိုင်းဆဲအခြေအနေပါပဲ။ သမိုင်းနောက်ခံကိုသိမှ ပစ္စုပန်နဲ့ အနာဂတ်ကိုဘယ်လိုရှေ့ဆက်ရမယ်ဆိုတာ ပိုပြီးမြင်နိုင်မယ်လို့လည်းကျနော်ယူဆပါတယ်။ ဒီပါဝါနှစ်ခုရဲ့အားပြိုင်မှုဟာ တိုင်းပြည်ရဲ့ ကံကြမ္မာဖြစ်တာမို့ စာဖတ်သူများအတွေးပွားနိုင်ဖို့ တင်ပေးလိုက်တာဖြစ်ပါတယ်။ဒီဆောင်းပါးကို ရနံ့သစ်မှာဖော်ပြဖို့ပေးပို့ထားပါတယ်။စာဖတ်သူများကိုမျှဝေတာဖြစ်ပါတယ်။
(သိန်းအေး)

ဗိုလ်ချုပ်နှင့်ဗိုလ်နေ၀င်း လို့ ဆောင်းပါးကိုအမည်ပေးထားပါတယ်။

မြန်မာ့လွတ်လပ်ရေးကို အရယူ နိုင်ရေးအတွက် ဂျပန်တွင် စစ်ပညာ သင်ဖက်၊ စစ်ကျောင်းတက်ဖက်များ ဖြစ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်နေဝင်းတို့အကြောင်းကို သမိုင်း ဆရာများ၊ သူတို့နှင့်အတူတိုက်ပွဲဝင် ခဲ့ကြသည့် တိုက်ပွဲဝင်ရဲဘော်များ လုပ် ဖော်ကိုင်ဖက်များက မှတ်တမ်းတင် ရေးသားကြရာတွင် ကွဲလွဲမှုများရှိ သည်ကိုတော့ စာဖတ်သူတို့သိကြပြီး ဖြစ်ပါလိမ့်မည်။
သူတို့နှစ်ဦးတွင် ဗိုလ်ချုပ်နေဝင်း က ဗိုလ်ချုပ်အောင်ဆန်းထက် အ သက် ၄ နှစ်နှင့် ၇ လ ခန့်ကြီး ပါ သည်။ ရဲဘော်သုံးကျိပ်ဝင်များအဖြစ် ဂျပန်နိုင်ငံတွင် စစ်ပညာသင်ရန် သွား ရောက်ကြစဉ်က ဗိုလ်ချုပ်အောင်ဆန်း သည် သခင်ကိုယ်တော်မှိုင်း ဦးဆောင် သော တို့ဗမာအစည်းအရုံးအဖွဲ့ဝင် အဖြစ် သွားရောက်ခဲ့ပြီး ဗိုလ်နေဝင်း က သခင်ဗစိန်နှင့်သခင်ထွန်းအုပ် တို့၏ တို့ဗမာအစည်းအရုံးအဖွဲ့ဝင် အ ဖြစ်သွားရောက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ဂျပန်သို့ မသွားမီ က နှစ်ခြမ်းကွဲ တို့ဗမာအစည်းအရုံးနှစ် ခုမှ စေလွှတ်ခြင်းဖြစ်၍ မတူညီကြ သော်လည်း ဂျပန်တွင် စစ်ပညာသင် ကြားစဉ်၌မူ မိမိတို့၏ နောက်ခံအဖွဲ့ များကို ဘေးဖယ်ထား၍ ရဲဘော်ရဲ ဘက်စိတ်ဓာတ်ဖြင့် အတူယှဉ်တွဲ၍ စစ်ပညာများ သင်ယူခဲ့ကြခြင်းလည်း ဖြစ်သည်။
ဒေါက်တာ မောင်မောင်က ရဲ ဘော်သုံးကျိပ်တို့ ဂျပန်ပြည်တွင် စစ် ပညာသင်ကြားရာ၌ ဗိုလ်ချုပ်နေဝင်း သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အဖွဲ့(၃)တွင် ပါဝင်ခဲ့ကြောင်း 'မြန်မာ့ နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း' စာအုပ်တွင်ဤသို့ ရေးသားထား သည်။
''ဂျပန်သင်တန်းဆရာတို့က သေ ချာစေ့စပ်သည်။ ရဲဘော်တစ်ဦးစီ၏ တိုးတက်မှုကို ဇယားချ၍ မှတ်သား ထားသည်။ တစ်ဦးချင်းစီ၏ အရည် အသွေးကို အကဲခတ်သည်။ ရဲဘော် သုံးကျိပ်ကို အဖွဲ့(၃)ဖွဲ့ခွဲ၍လည်း အထူးပညာတို့ကို သင်စေသည်။ ဒိုင် အစ်ပန် ပထမအဖွဲ့တွင် တပ်မှူးဖြစ် ရန်သင့်တော်သည့် လူငယ်များကို လေ့ကျင့်သည်။ သူတို့သည် အခြေခံ စစ်ပညာအပြင် များများတူးဆွ စစ် ရေးပြရသည်။ ရဲဘော်တို့က ပေါက် တူးပေါက်ပြား ကိုင်ရလွန်း၍ သူတို့ ကိုယ်သူတို့ 'ကူလီ'အဖွဲ့ဟု ခေါ်ကြ သည်။ ဒိုင်နီဟန် ဒုတိယအဖွဲ့က ရန် သူ့နောက်ကြောင်းတွင် ပဉ္စမံနည်း တိုက်ခိုက်ရန် အထူးလေ့ကျင့်ရသည်။ သူတို့ကို 'သူခိုး'အဖွဲ့ဟု ခေါ်ကြသည်။ သူတို့က ညအခါ ရန်သူအိပ်ချိန်၌ လှုပ်ရှားရန် ဖြစ်သည်ကိုး။ ဒိုင်ဆန် ပန် တတိယအဖွဲ့က စစ်ခေါင်းဆောင် စစ်ဌာနချုပ်မှူးများဖြစ်မည့် ရဲဘော် များဖြစ်ကြသည်။ သခင်အောင်ဆန်း၊ သခင်ရှုမောင်၊သခင်အောင်သန်း၊သခင် လှဖေ တို့ကို ဤအဖွဲ့တွင် လေ့ကျင့် ပေးသည်။ သူတို့ကို 'သံပန်ဝါလား များ' ဟုခေါ်သည်။''ဟူ၍ ဖော်ပြထား သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ် နေဝင်းတို့ ဂျပန်၌ စစ်ပညာသင် ကြား စဉ်က ဗိုလ်နေဝင်းမှာဗိုလ်ချုပ်အောင် ဆန်းနှင့်အတူတစ်ဖွဲ့ တည်းမဟုတ် ကြောင်း၊ အဖွဲ့(၂)တွင်သာ ပါဝင်သူ ဖြစ်ကြောင်းကို သန်းဝင်းလှိုင် ရေး သားသည့် 'အထင်ကရ မြန်မာ့နိုင် ငံရေးခေါင်းဆောင်များ'တွင် ယခုလို ရေးသားထားသည်ကို တွေ့ရပါသည်။
''သခင်ရှုမောင်တို့ ပါဝင်သော စတုတ္ထအသုတ်သည် ရှန်ဟိုင်းသို့ ၁၉၄၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ တွင် ရောက်ရှိပြီး ရှန်ဟိုင်းမှ လေ ယာဉ်ဖြင့် ဂျပန်သို့ ဆက်လက်ထွက် ခွာရာ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဂျ ပန်နိုင်ငံ ကျူးရှူးကျွန်း၊ နာဂါဆာကီမြို့ အနီးရှိ ရေတပ်စခန်းသို့ ရောက်ခဲ့ သည်။ သြဂုတ်လ ၁၁ ရက်နေ့တွင် ဟိုင်နန်ကျွန်းသို့ ရောက်ရှိခဲ့သည်။ ယင်းနောက် ဟိုင်နန်ကျွန်းနှင့် တိုင်ဝမ် ကျွန်းတို့တွင် စစ်ပညာရပ်များ သင်ယူ ခဲ့သည်။
ရဲဘော်သုံးကျိပ်ကို တပ်ဖွဲ့ သုံးဖွဲ့ ခွဲ၍ ၁၉၄၁ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ မှစကာ ဟိုင်နန်ကျွန်းရှိ 'စန်းယ' စစ်ပညာသင်တန်းကျောင်းတွင် သင် ကြားပေးခဲ့သည်။ သခင်ရှုမောင်ကို တပ်မတော်သမိုင်းစာအုပ်တွင် ဗိုလ် ချုပ်အောင်ဆန်းတို့၏ တပ်ဖွဲ့(၃)တွင် ထည့်သွင်းထားသော်လည်း ဗိုလ်မှူး ချုပ်ဟောင်းကျော်ဇောက ¤င်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်၌ တပ်ဖွဲ့(၂)၊ ပြည်တွင်းသူပုန်အဖွဲ့၌သာ ပါရှိသည် ဟူ၍ ဖော်ပြထားပါသည်။
တပ်ဖွဲ့(၂)တွင် ပါဝင်ခဲ့သော အရှေ့ရန်ကင်း ဂျူပလက် အမှတ် ၁၄ဝ(က)နေ ဗိုလ်တာရာကလည်း သူတို့တပ်ဖွဲ့တွင် သခင်ကျော်စိန်(ဗိုလ် မိုးညို)၊သခင်ငွေ(ဗိုလ်စောအောင်)၊သ ခင်စောလွင်(ဗိုလ်မင်းခေါင်)၊ကိုထွန်း ရှိန်(ဗိုလ်ရန်နိုင်)၊သခင်သစ်(ဗိုလ်စော နောင်)၊သခင်သန်းတင် ၂ (ဗိုလ်မြဒင်)၊ သခင်ရှုမောင်(ဗိုလ်နေဝင်း)နှင့်သူ(ဗိုလ် တာရာ)ပါဝင်ကြောင်း၊ အခြေခံစစ်ပ ညာ၊ဖောက်ခွဲဖျက်ဆီးရေး နည်းပညာ များ၊ထောက်လှမ်းရေးနှင့်ဆက်သွယ် ရေးပညာရပ်များ အလေးထားသင်ယူ ရပြီး သင်တန်းဆရာမှာ ဗိုလ်တာရာ ဖြစ်သည်ဟု ဆိုသည်။''ဟူ၍ ဖော်ပြ ထားပါသည်။
သမိုင်းဆိုသည်ကလည်း ရေး သားသူတို့၏ ရှုထောင့်အမြင်များ၊ ¤င်း တို့၏ ပုဂ္ဂိုလ်ရေးသဘောထားများ ပါ ဝင်နေတတ်သည်ဖြစ်ရာ အဘက် ဘက်မှ ဆန်းစစ်ကြည့်မြင်တတ်ဖို့ လည်း လိုအပ်မည်ဖြစ်ပါသည်။
ဒေါက်တာမောင်မောင်၏ မြန် မာ့နိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ်တွင် ဗိုလ်နေဝင်းနှင့် ဗိုလ်ချုပ် အောင်ဆန်းတို့၏ စွမ်းရည်ကို ဤသို့ တွေ့ရပါသည်။
''သခင်အောင်ဆန်းသည် သေး သွယ်၏။ သို့ရာတွင် စိတ်ဓာတ်ပြင်းပြ ၏။ သူသည်လေ့ကျင့်ခန်းဆင်းရင်း မောပန်းလွန်း၍ လဲသည့်အခါ လဲကျ သည်။ သို့ရာတွင် အလျှော့မပေး။ဆက်၍သာ တက်တတ်သည်။ရဲဘော် များက သူ့ကို အားကျကြသည်။...
ဂျပန်သင်တန်းဆရာတို့က တ ကာစူဂီး (ဗိုလ်နေဝင်း၏ ဂျပန်အမည် ဖြစ်သည်။ မြင့်မားဖြောင့်စင်းသည့် ဆိုင်ဒါပင်ဟုအဓိပ္ပာယ်ရကြောင်းဖော် ပြထားသည်။)ကိုလေးစားကြသည်။ မဟုတ်လျှင်မခံ၊ ညှဉ်းပန်း၍လည်း မရသော 'ရှုမောင်ဆန်'ကို ကြောက် လည်းကြောက်ကြသည်။ ပေါ်ပေါက် မည့် ဗမာ့တပ်မတော်တွင် ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်ထိုက်သည် ဟုအရည်အချင်းသတ်မှတ်ကြသည်။သခင်အောင်ဆန်း ကိုယ်တိုင်ကလည်း ဆူဇူကီး(ဗိုလ်မိုးကြိုး) အား 'ရဲဘော် ရှုမောင်ဟာ ကျွန်တော့်ရဲ့ ညာလက်ရုံး ဖြစ်လာလိမ့်မယ်'ဟုပြောဖူးကြောင်း မှတ်တမ်းတင်ခဲ့သည်။'' ဟူ၍ ဖော်ပြ ထားသည်။
ပြန်တော်ပြန်ရဲဘော်သုံးကျိပ်
၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် တွင် ရဲဘော်သုံးကျိပ်ဝင်များအားလုံး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မျက်စိ အထူးကုဆရာဝန်ကြီး ဦးထွန်းဖေ၏ အိမ်တွင် ဗိုလ်ဘွဲ့ခံယူခဲ့ကြပြီး သခင် အောင်ဆန်းက ဗိုလ်တေဇ၊ သခင်ရှု မောင်က ဗိုလ်နေဝင်း ဖြစ်လာသည်။
ဗိုလ်တေဇခေါ် ဗိုလ်ချုပ်အောင် ဆန်းဦးဆောင်သော မြန်မာမျိုးချစ် များသည် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာ နိုင်ငံတွင်း ဝင်ရောက်လာပြီး တစ်မြို့ ပြီး တစ်မြို့ ချီတက်သိမ်းပိုက် လာခဲ့ သည်။ ဗမာ့လွတ်လပ်ရေးတပ်မ တော်နှင့် ဂျပန်တပ်မ ၅၅ တို့သည် ၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ကို သိမ်းပိုက်လိုက်ပြီး နောက် ဗိုလ်နေဝင်းသည် ဘီအိုင်အေ တပ်မကြီး ၂ ၏ တပ်မမှူးအဖြစ် တာ ဝန်ထမ်းဆောင်သည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ဘီအိုင်အေကို ဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေး တပ် မတော်(ဘီဒီအေ)ဖွဲ့စည်းသောအခါ ဗိုလ်မှူးအဆင့်ဖြင့် ဘီဒီအေတပ်ရင်း ၁ ၏ တပ်ရင်းမှူးအဖြစ် ဆောင်ရွက် သည်။ ယင်းနောက် ဗိုလ်မှူးကြီး အဆင့်ဖြင့် ဗမာ့အမျိုးသားတပ်မ တော်(ဘီအင်န်အေ)၌ စစ်သေနာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက် နေ့တွင် ဂျပန်က လွတ်လပ်ရေးပေး သောအခါ ဗိုလ်ချုပ်အောင်ဆန်းက အစိုးရအဖွဲ့တွင် စစ်ဝန်ကြီး(ကာကွယ် ရေးဝန်ကြီး)ဖြစ်လာပြီး ဗမာ့တပ်မ တော်အုပ်ချုပ်ရေးအတွက် စစ်ဝန်ကြီး ရုံးပေါ်လာသည်။ ဗိုလ်ချုပ်အောင် ဆန်း၏ လက်အောက်တွင် စစ်ဦးစီး ချုပ်ရုံးလည်း ပေါ်လာသည်။
ဤတွင် သခင်ဗစိန်နှင့် သခင် ထွန်းအုပ်တို့က ¤င်းတို့၏ တို့ဗမာအ စည်းအရုံးအခြမ်း သခင်ဂိုဏ်းမှ ညီ ညွတ်ရေးအတွက်ဆိုကာ တောင်းဆို ချက်အရ ဗိုလ်မှူးကြီးနေဝင်းအား စစ်ဦးစီးချုပ်ရုံးတွင် စစ်ဦးစီးဌာနချုပ် မှူးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ခန့် အပ်ပေးခဲ့သည်။
ဗိုလ်နေဝင်းသည် တာဝန်နှင့် ဝတ္တရားကို ကောင်းစွာမလုပ်ဘဲ အ ပျော်အပါးလိုက်စားကာ လောင်းက စားဝိုင်းများ၌သာ အချိန်ဖြုန်းနေသ ဖြင့် စစ်ဦးစီးဌာနချုပ်မှူးရာထူးမှ ဖြုတ် ချပြီး စစ်ဝန်ကြီးရုံးလက်အောက်ရှိ ရိက္ခာနှင့်ထောက်ပံ့ရေးဌာနကြီးမှူးနေ ရာသို့အဆင့်ချ၍ ပြောင်းရွှေ့လိုက် သည်။
၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးတွင် ဗိုလ်နေ ဝင်းအား တိုင်း ၂ မြစ်ဝကျွန်းပေါ် အရှေ့ပိုင်း(ဟံသာဝတီ၊ ဖျာပုံ၊မအူပင်) တိုင်းမှူး စစ်ရေးခေါင်းဆောင်အဖြစ် တာဝန်ယူစေခဲ့သည်။ သို့သော် ဖက် ဆစ်ဂျပန်တော်လှန်ရေးအတွင်း တော် လှန်ရေးအတွက် ပေးထားသော တာ ဝန်ကိုလုံးဝမလုပ်ဘဲ အပျော်အပါး လိုက်မှု၊ စာရိတ္တပျက်ပြားမှု၊ တပ်တွင်း ဂိုဏ်းခွဲလုပ်ဆောင်မှု၊¤င်းတာဝန်ကျ ရာ ဒေသ၌ ဒေသခံ နိုင်ငံရေးကေဒါ များနှင့်မပြေလည်မှု၊ပြဿနာအကြိမ် ကြိမ်တက်မှုတို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် အတော်ပင် မကျေမနပ်ဖြစ်ပြီး စစ်တပ်မှ ထုတ် ပယ်ရန် အခြားခေါင်းဆောင်များနှင့် တိုင်ပင်ခဲ့သော်လည်း တော်လှန်ရေး ကာလမပြီးဆုံးမီ ဗိုလ်နေဝင်းအား ရာ ထူးမှထုတ်ပယ်လိုက်ပါက နယ်ချဲ့တို့ နှင့်ပူးပေါင်း၍ အာဏာရှင်စနစ် ဂိုဏ်း ခွဲရေးနှင့် အခြားမလိုလားအပ်သော ပြဿနာများ ရှုပ်ထွေးလာနိုင်သဖြင့် ခေတ္တသည်းခံရန် ဗိုလ်ချုပ်အား ဖျောင်းဖျခဲ့မှုကြောင့် ထုတ်မပစ်ခဲ့ချေ။
ဗိုလ်ချုပ်အောင်ဆန်းနှင့်ဗိုလ်ချုပ် နေဝင်းတို့၏ ဆက်ဆံရေးတွင် စက တည်းက ယဉ်သကို ဆိုသလိုပင် မတူညီသော ပါတီကွဲနှစ်ခုမှ အတူ တက်လာကြရခြင်း၊ ဗိုလ်ချုပ် နေဝင်း သည် ပေးအပ်သောတာဝန်ကို ကျေပွန်အောင် မဆောင်ရွက်ခြင်း၊ အမိန့်နာခံမှု အားနည်းခြင်း၊ ၁၉၄၅ ခုနှစ် မတ်လ ၁ ရက်မှ ၇ ရက်ခန့်အ တွင်းက ပတ်လမ်းရှိဗိုလ်ချုပ်အောင် ဆန်း၏ နေအိမ်တွင်ပြုလုပ်သော အစည်းအဝေးတစ်ခု၌ ဗိုလ်ချုပ်နေ ဝင်း ဦးစီးရသော တိုင်း(၂)နယ်မြေ သတ်မှတ်ရာတွင် မကြေလည်မှု ကြောင့် ဗိုလ်ချုပ်နေဝင်းက 'ကျွန် တော့်ကို ယုံကြည်မှတာဝန်ပေးပါ။ မယုံကြည်ရင် တာဝန်မပေးပါနဲ့'ဟု သဘောပါသော ရန်တွေ့စကားကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အစည်းအ ဝေးထိုင်နေသူအားလုံးကို ကြည့်ပြီး ပြောဆိုခဲ့ခြင်းစသည့် အဖုအထစ်များ ရှိခဲ့ခြင်းတို့ကို ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရေးသားထားလေ သည်။
ဗိုလ်နေဝင်းကို တော်လှန်ရေး ပြီးခါစက စစ်တပ်မှထုတ်ပစ်ရန်အထိ ပင်ရှိခဲ့သော်လည်း ဗိုလ်ချုပ်အောင် ဆန်းက သူ့အား ထုတ်ပယ်ခြင်းမပြုခဲ့ သည့်အကြောင်းများရှိခဲ့ကြောင်းကို ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောက အကျယ်တဝင့် ရေးသားထားသည် များလည်း ရှိပါသေးသည်။
'ဗိုလ်နေဝင်းကို ထုတ်မပစ်နိုင် သည့် အကြောင်းနှစ်ခုအနက် တစ်ခု မှာ ကျွန်တော့်အထင် ထိုအချိန် ဗိုလ် ချုပ်အောင်ဆန်းမှာ တော်လှန်ရေး အပြီး ရန်ကုန်ပြန်ရောက်တော့ နေစရာအိုးအိမ်မရှိဘဲ အိမ်ထောင်နှင့် ကလေးတွေနှင့် များစွာအခက်အခဲ ဖြစ်နေသည်။ ထိုအချိန် ဗိုလ်နေဝင်း မှာ သူ ဦးစီးချုပ်ဘဝက တိုက်အိမ်ကြီး နှစ်လုံးကို ဘယ်လိုနည်းနာနှင့် ပိုင် သည်မသိ ပိုင်ဆိုင်ထားသည်။တစ်လုံး မှာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့၍ ယခုပြတိုက်လုပ်ထားသော တာဝါ လိန်းကုန်းပေါ်က တိုက်အိမ်ကြီးဖြစ် ပြီး တော်လှန်ရေးပြီးခါစက သူတက် နေသည်။ နောက်တစ်လုံးမှာ ထိုတာဝါလိန်းကုန်းအိမ်ကြီး၏ခြေရင်း ကားလမ်းဘေးရှိ တိုက်အိမ်ဖြစ်သည်။ ¤င်းမှာ အပေါ်အိမ်ကြီးလောက် မကောင်းပေ။ ဗိုလ်နေဝင်းက ဗိုလ်ချုပ် အောင်ဆန်းကို ဆွဲခေါ်လာပြီး တာဝါ လိန်းကုန်းပေါ်ရှိ တိုက်အိမ်ကြီးကို အတင်းထိုးပေးပြီး သူကိုယ်တိုင်က ထိုအိမ်လောက်မကောင်းသော ကုန်း အောက်ခြေက တိုက်အိမ်တွင် ဆင်း နေသည်။''ဟု ဗိုလ်နေဝင်း၏ အကင်း ပါးပုံကု ဖော်ပြထားပါသည်။
တစ်ဦးနှင့်တစ်ဦးဆက်ဆံရေး ဆိုသည်က အသေးအဖွဲလေးများပင် ဖြစ်လင့်ကစား ကြိမ်ဖန်များလာသော အခါ အစိုင်အခဲဖြစ်လာပြီး ပြဿနာ ကြီးထွားလာသည်ကလည်း လောက သဘာဝဟုပင် ဆိုရပါလိမ့်မည်။
သို့သော်လည်း ခေါင်းဆောင် တိုင်းသည် နောက်လိုက်ငယ်သားများ ထက်တော့ သဘောထားကြီးရန်လို အပ်သည်ကတော့ အသေအချာပင် ဖြစ်သည်။
ခေါင်းဆောင်ကောင်း အရည် အချင်းရှိသော ဗိုလ်ချုပ်အောင်ဆန်း အဖို့ ဗိုလ်နေဝင်းသည် စိတ်ရင်းမဆိုး။ မကောင်းသည့်အကျင့်စရိုက်အချို့ ကြောင့်သာ တချို့အားနည်းချက်တွေ ရှိနေတာဖြစ်သည်။ ပြုပြင်သွားလျှင် ရ နိုင်သည်။ အထူးသဖြင့် သူ့အပေါ် ဒီ လောက်လေးစားသဖြင့် ကြိုးကိုင်သွား လို့ရနိုင်သည်ဟု မှတ်ယူခဲ့သည်။ သို့ သော်လည်း ဗိုလ်နေဝင်းကိုတော့ သတိထားဆက်ဆံလာခဲ့ပုံရပြီး ဗိုလ် နေဝင်းကို စစ်ဦးစီးချုပ်ရာထူးပေးထား စဉ် ဗိုလ်စကြာ ဂျပန်သွားရသည့်အခါ ဗိုလ်လက်ျာကို ဒုတိယစစ်ဝန်ကြီး ခန့် ထားသည်။ နောက်တော်လှန်ရေးပြီး ခါနီး တပ်မတော်စစ်ဌာနချုပ်ကို တော် လှန်ရေးနယ်မှ ၁၉၄၅ ခုနှစ် ဇူလိုင် ၅ ရက်ခန့်တွင် ရန်ကုန်သို့ ရွှေ့ပြောင်း လာပြီး လောင်းဝစ်စ်လမ်းစခန်းတွင် စစ်ဌာနချုပ်အသစ်ကို ဗိုလ်ချုပ်အောင် ဆန်း ပြန်ဖွဲ့စည်းရာတွင် သူကိုယ်တိုင် စစ်သေနာပတိနေရာယူထားပြီး ဒုတိ ယစစ်သေနာပတိရာထူးကို ဗိုလ်မှူး ကြီးလက်ျာကိုပင် ပေးထားသည်။
တော်လှန်ရေးပြီး၍ ဗမာ့တပ်မ တော်အဖြစ် ၁၉၄၅ ခုနှစ်တွင် ပြန် လည် ဖွဲ့စည်းသောအခါ ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မှထွက်ခဲ့ပြီး နိုင်ငံရေးနယ်သို့ ဝင်ရောက်သည့် အ ခါ ဗိုလ်မှူးကြီးလက်ျာ ကို သူ့ကိုယ်စား ခန့်အပ်ခဲ့သည်။ ထိုစဉ်က ဗိုလ်နေဝင်း မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်နှင့် ခြေလျင်တပ်ရင်းမှူးသာ ဖြစ်စေခဲ့ သည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရ သည့်အခါ ဗိုလ်လက်ျာမှာ ဖဆပလ အစိုးရကာကွယ်ရေးဝန်ကြီးဖြစ်လာပြီး ဗိုလ်နေဝင်းမှာ ဗိုလ်မှူးချုပ်အဆင့်ဖြင့် မြောက်ပိုင်းတိုင်း တိုင်းမှူးဖြစ်လာခဲ့ သည်။ ထိုနှစ် သြဂုတ်လ ၁ ရက်တွင် ဗမာ့တပ်မတော် ဒုတိယစစ်ဦးစီးချုပ်၊ ဒုတိယစစ်သေနာပတိ၊ သြဂုတ် ၁၃ ရက်တွင် ဗိုလ်ချုပ်ဖြစ်လာသည်။
ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့(ကေအင်ဒီအို)အရေးအခင်း ကြောင့် အစိုးရက တပ်မတော်စစ်ဦး စီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းအား ရာထူးမှဖယ်ရှား၍ ဗိုလ်ချုပ်နေဝင်း အား ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် တွင် ဗမာ့တပ်မတော် စစ်ဦးစီးချုပ်၊ စစ်သေနာပတိ အဖြစ်ခန့်အပ်ခဲ့သည်။ ၁၉၄၉ ခုနှစ် ဧပြီလ ၅ ရက်တွင် မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီး၊ ၁၉၅ဝ ခုနှစ် မတ်လ ၃ ရက်တွင် ဒုတိယဗိုလ်ချုပ် ကြီး၊ ၁၉၅၆ ဇန်နဝါရီ ၁ ရက်တွင် ဗိုလ်ချုပ်ကြီးဖြစ်လာခဲ့သည်။
၁၉၅၈ မေ ၆ ရက်တွင် ဖဆပ လနှစ်ခြမ်းကွဲခဲ့သည်။ ဦးနု၏ ဖဆပလ အစိုးရအားနည်းလာမှုကိုအခွင့်ကောင်း ယူကာ ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ဗိုလ် မှူးချုပ်မောင်မောင်တို့မှတစ်ဆင့် အာဏာလွှဲပြောင်းပေးရန် ဦးနုထံ တောင်းဆိုခဲ့သည်။ ဦးနုက စစ်တပ်မှ အာဏာသိမ်းရေးအစီအစဉ်ကို လက် မခံဘဲလွှတ်တော်မှအာဏာလွှဲ ပြောင်း ပေးသည့်သဘောဖြင့် လွှဲပြောင်းပေးခဲ့ ခြင်းဖြင့် ၁၉၅၈ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ် အစိုးရ သစ်တစ်ဖွဲ့ ဖွဲ့စည်းပြီးလျှင် ၁၉၅၉ ခုနှစ် ဧပြီလ မကုန်မီတွင် လွတ်လပ်၍ တရားမျှတသော အထွေထွေရွေး ကောက်ပွဲကြီးကို ကျင်းပနိုင်အောင် လိုအပ်သည့် အစီအစဉ်များကို ဆောင်ရွက်ပေးရန် ပန်ကြားသည့်စာ ကို ပေးပို့ခဲ့သည်။ ယင်းနေ့မှာပင် ဗိုလ် ချုပ်ကြီးနေဝင်းက နိုင်ငံတော် ဝန်ကြီး ချုပ်ဦးနုထံ အစီအစဉ်ကို လက်ခံသည့် ပြန်ကြားစာကို ပေးပို့ခဲ့သည်။ သို့သော် အဆိုပါ ပေးစာနှစ်စောင်စလုံးကို ဝန် ကြီးချုပ် ဦးနုကပင် ရေးသားခဲ့သည်ဟု ဆိုပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုး သားညီညွတ်ရေးတပ်ပေါင်းစု(ပမညတ) အပါအဝင် အတိုက်အခံနိုင်ငံရေးသ မားများက ကန့်ကွက်နေသည့်ကြားမှ ပင် ၁၉၅၈ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် ဝန်ကြီးချုပ်ဦးနုက ပြည်သူ့ လွှတ်တော်အစည်းအဝေး၌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ကြီးနေဝင်းကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခဲ့သည်။ အောက်တို ဘာ ၂၉ တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အစိုးရအဖွဲ့သစ်ကျမ်း သစ္စာကျိန်ဆို၍ အိမ်စောင့် အစိုးရ သစ်ဖွဲ့ကာ အုပ်ချုပ်ခဲ့သည်။
ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင် သော အိမ်စောင့်အစိုးရသည် ခြောက် လပြည့်သည့်တိုင် ရွေးကောက်ပွဲ မ ကျင်းပနိုင်ခဲ့ချေ။ ပါလီမန်အမတ် မဟုတ်သူတစ်ယောက်သည် ခြောက် လထက်ကျော်လွန်ပြီး ဝန်ကြီး(သို့မ ဟုတ်)ဝန်ကြီးချုပ် လုပ်ခွင့်မပြု ဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၁၆ ကို ပြင်ဆင်၍ နောက်ထပ် ခြောက်လ တိုးပေးရန်တောင်းဆိုခဲ့ရာ ပါလီမန်၌ အတိုက်အခံများ၏ ကန့်ကွက်ခြင်းခံရ ပြီးနောက် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် ဝန်ကြီးချုပ်ရာထူးမှ နုတ် ထွက်ခဲ့သည်။
၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပသော ပါလီမန်ပြည် သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် နှစ်ရပ် တွဲဖက်ညီလာခံတွင် ဦးကျော် ငြိမ်းက ပုဒ်မ ၁၁၆ ကိုပြင်ဆင်ရန် ဥပဒေကြမ်းတင်သွင်းခဲ့ရာ ယင်းဥပ ဒေကြမ်းကို ထောက်ခံမဲ ၃ဝ၄ မဲ၊ ကန့်ကွက်မဲ ၂၉ မဲဖြင့် အတည်ပြု နိုင်ခဲ့သည်။ သို့ဖြင့် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပါလီမန်၌ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေး ကောက်ခံရပြီး ထိုနေ့ညနေမှာပင် ဝန်ကြီချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆို ခဲ့သည်။
သို့ဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၆ဝ ပြည့်နှစ် ဧပြီလအထိ ဝန်ကြီး ချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် အမျိုး သားစီမံကိန်းဝန်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ပါလီမန်ပြည် သူ့လွှတ်တော်အထွေထွေ ရွေး ကောက်ပွဲကိုကျင်းပပြီးနောက် အနိုင်ရ ဖဆပလအဖွဲ့(နောင်ပထစပါတီ)အား အာဏာလွှဲပြောင်းပေးခဲ့သည်။
အာဏာလွှဲပြီးနောက် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်ကြီး နေဝင်းဦးဆောင်သော တော်လှန်ရေး ကောင်စီက ပထစအစိုး ရကိုဖြုတ်ချ ဖယ်ရှားကာ နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး ဇူလိုင် ၄ ရက်တွင် မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီကိုစတင် တည် ထောင်၍ ပါတီဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သည်။
၁၉၇၂ ဧပြီတွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ်မှ အနားယူခဲ့ပြီး ၁၉၆၂ မှ ၁၉၈၈ အထိ မဆလပါတီ ဥက္ကဋ္ဌ၊ ၁၉၇၄ မှ ၁၉၈၁ အထိ နိုင်ငံ တော်သမ္မတစသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၂ဝဝ၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အသက် ၉၃ နှစ်အရွယ်၌ ကွယ်လွန်ခဲ့သည်။
တိုင်းပြည်ခေါင်းဆောင်များနှင့် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
မြန်မာနိုင်ငံသမိုင်းကို ကြည့်လျှင် စစ်တပ်မှဦးဆောင်သည့်အခန်းကဏ္ဍ မှာ တစ်လျှောက်လုံးပါဝင်ပတ်သက် နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ အထိသာ ပါလီမန်ဒီမိုကရေစီခေတ်ဟု ဆိုနိုင်ပြီး ၅၈ နောက်ပိုင်းမှစ၍ လွှတ်တော်တွင်း ရောက်လာခဲ့သည့် စစ်အုပ်ချုပ်ရေး သည် ယခုတိုင် သက်ဆိုးရှည်နေဆဲ ဖြစ်ပါသည်။
တိုင်းပြည်အတွက် အသက် ပေး၍ လွတ်လပ်ရေးအရယူပေးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား ပါတီစုံဒီ မိုကရေစီစနစ်အရ လွှတ်တော်အမတ် အဖြစ် ရွေးကောက်ခံခွင့် ပေးနိုင် အောင် ရွေးကောက်ပွဲဥပဒေကို ပြင် ဆင်ပေးခဲ့သော်လည်း သမ္မတဖြစ်ခွင့် အရည်အချင်းကိုမူ ကန့်သတ်ထားဆဲ ဖြစ်ပါသည်။
ဤနေရာတွင် ဒေါ်အောင်ဆန်း စုကြည်အား ဗြိတိန်နိုင်ငံသား မိုက် ကယ်အဲရစ်နှင့် အိမ်ထောင်ပြုခဲ့ခြင်း၊ သားနှစ်ဦးမှာ အမေရိကန်နှင့် ဗြိတိန် နိုင်ငံသားအဖြစ် ခံယူထားကြခြင်း စသည့်အချက်များဖြင့် ပိတ်ပင်ထား သော်လည်း သမ္မတကြီးဦးနေဝင်းမှာ မူ အသက် ၆၆ နှစ်အရွယ် ၁၉၇၆ ခုနှစ်တွင် ကုန်းဘောင်ခေတ် ကနောင် မင်းသားကြီး၏မျိုးဆက် မြစ်တော် စပ်သူတစ်ဦးဖြစ်သော်လည်းသြစတြေ လျနိုင်ငံသား၊ အင်္ဂလိပ်လူမျိုး မြင်းပွဲဒိုင် မစ္စတာ ဟားဘတ်စ်ဘယ်လာမီ မြ.ံနမဘနမအ နြူောပ နှင့် လင်းပင်ထိပ် တင်မလတ်တို့၏ သမီးဖြစ်သူ ရတနာ နတ်မယ်(အမည်ရင်း ဂျွန်ရို့စ်ဘယ် လာမီဲသ့ညျွသျန နြူောပ ) အင်္ဂ လိပ်ကပြားနှင့် ပင်လက်ထပ်ခဲ့သူ ဖြစ် ပါသည်။
ဗိုလ်နေဝင်းကိုယ်တိုင်သည်လည်း တရုတ်သွေးပါသူတစ်ဦးဖြစ်ကြောင်း ၊ ဦးနေဝင်း၏ ငယ်နာမည် ရှုမောင် သည်ပင်လျှင် တရုတ်အမည်ဖြစ်နေ ကြောင်း၊ ဒေါက်တာမောင်မောင်ကမူ ဦးနေဝင်းအား ရှုမောင်ဟု အမည်ပေး ခဲ့ခြင်းမှာ ဖခင်ဖြစ်သူ ဦးဖိုးခက သားဦးဖြစ်သည့်အတွက် ချစ်၍မဆုံး၊ မော်၍မဆုံး မိဘတို့၏မျက်ရှု ဟူသော အဓိပ္ပာယ်ဖြင့်ရှုမောင်ဟု အမည်ပေးခဲ့ ကြောင်း ရေးသားထားသည်။
သို့သော်လည်း ဦးဖိုးခကမူ ¤င်း ၏သား ရှုမောင်ဟူသောအမည်၌ 'ရှု' သည် တရုတ်ဘာသာဖြင့် ရုပ်ရည် သန့်ပြန့်သည်ဟု အဓိပ္ပာယ်ရကြောင်း၊ ရုပ်ရည်သန့်ပြန့်သည်ဟူသော အဓိပ္ပာယ်ဖြင့် မှည့်ခေါ်ခဲ့ခြင်း ဖြစ် သည်ဟု ဆိုပါသည်။
ထို့အပြင် မြန်မာနိုင်ငံ စစ်အစိုးရ လက်ထက်အဆက်ဆက်က ထုတ်ဝေ ခဲ့သော စာအုပ်များ၌ ဦးနေဝင်း၏ မိဘအမည်ကို အဖ ဦးဖိုးခ၊၊ အမိ ဒေါ်မိလေး၊ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာ ဟု ဖော်ပြခဲ့သော်လည်း ဦးဖိုးခမှာ တရုတ်ပြည် ကွမ်တုံဒေသမှ ဟပ်က လူမျိုးဖြစ်ပြီး ဝက်ကုန်သည်တစ်ဦးဖြစ် သည်ဟု ဝါရင့်နိုင်ငံရေးသမားကြီး မွန် ဦးဖိုးချိုက စာရေးဆရာသန်းဝင်းလှိုင် အားပြောပြခဲ့ကြောင်း သိရပါသည်။
ဗိုလ်နေဝင်းကလည်း ¤င်းသည် တရုတ်သွေးပါသူမဟုတ်ကြောင်း ပြောဖူးသည်ဟု ဒေါက်တာမောင် မောင်က ယခုလို မှတ်တမ်းတင်ထား သည်။
'..ဒီတော့ ကျွန်တော်တစ်ခုပဲ ပြောချင်တယ်။ကြုံတုန်းကို ကျွန်တော့် ကိုယ်ကျွန်တော် မှတ်မိသလောက်ပေါ့၊ သုံးလေးဆက်ရှိအောင် ကျွန်တော်တို့ မှာ နိုင်ငံခြားသွေး တစ်သွေးမှ မပါဘူး၊ ဘာသွေးမှလည်း မပါဘူး၊ဟုတ်လား၊ အဲဒီတော့ ဒီသွေးပါတယ် မပါဘူးဆို တာဟာ ဗမာအယူအဆ၊ ဗမာ့အ တွေးအခေါ်၊ဒါကလေး နည်းနည်း ပြောချင်တယ်၊ ဒီဗမာလည်း နတ်တင် တယ်။ တရုတ်လည်း နတ်တင်တယ် ဟုတ်လား။ အဲဒီတော့ ဗမာတင်တဲ့ နတ်နဲ့ တရု

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top