0


မွန်ပြည်နယ်၏သမိုင်းဝင် စေတီတော် ကျိုက်ထီးရိုး တောင်တက်လမ်း တွင် တောင်ခြေနှင့်ရင်ပြင်တော်ပေါ် cable car ပြေးဆွဲရေးနှင့် အခြား ရင်းနှီး မြှုပ်နှံရေးလုပ်ငန်းများ လုပ်ကိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံမှ Oman Investment Fund အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရ အဖွဲ့ရုံးသို့ လာရောက်၍ အစိုးရ အဖွဲ့ဝင် ဝန်ကြီး များနှင့်တွေ့ဆုံကြောင်း သိရသည်။

ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု အဖွဲ့မှ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Mr. Trvong Hoang Son က မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ရှိ ကျိုက်ထီးရိုး စေတီ တော် တောင်ဘက်လမ်းတွင် cable car ပြေးဆွဲရေး လုပ်ငန်းနှင့် မွန်ပြည်နယ် စက်ရုံများ တည်ဆောက်လုပ်ကိုင် လို ကြောင်း သို့မဟုတ် စက်ရုံကြီး များကို ငှားရမ်းလုပ်ကိုင်လိုကြောင်း ၊ စသည်တို့ ကို ပြောကြားကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်ဗမာ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးသက်ဝင်း၊ ဘဏ္ဍာရေး ဝန်ကြီး ဒေါက်တာ ခင်မောင်သွင်နှင့် လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီး ဦးနိုင်လဝီအောင် တို့တက်ရောက်ကြောင်း သိရသည်။

ထူးထူး (မော်လမြိုင်)

အေးချမ်းမွန် Credit To >Popular Myanmar News Journal https://www.facebook.com/excellencemedia

Post a Comment

 
Top