0

အောင်သက်ကို

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ။ ။ အသက် ၅၅နှစ်ရှိ လုပ်သက်၃ဝပြည့်ပြီး သည့် ဆရာ၊ ဆရာမများ ပင်စင်ခံ စားခွင့်ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

ဆရာ၊ ဆရာမများအနေ ဖြင့် အဆိုပါပင်စင်ကိုမယူမနေရ မဟုတ်ဘဲ လုပ်သက်နှင့် တွက်၍ ပင်စင်ယူနိုင် သည့် အခွင့်အရေး တစ်ခုဖြစ်ပြီး ဆရာများအနေဖြင့် အသက်မပြည့်ဘဲ လုပ်သက်ပြည့် နေသော်လည်း ပင်စင်တင်ခွင့်မရှိ ကြောင်း၊ အသက်ပြည့်ပြီးလုပ် သက် မပြည့်သူများ သည်လည်း ပင်စင်တင်ခွင့်မရှိကြောင်း၊ အ သက်နှင့် လုပ်သက် သည် သတ်မှတ် ထားသည့်အတိုင်း ဖြစ်ရန်လိုအပ် ကြောင်း သိရသည်။

''ဆရာမတို့ရုံးမှာ ဒါကိုတ ရားဝင်ကပ်ထားတယ်။လုပ်သက် ပင်စင်ပေါ့။ အသက် ၆ဝပြည့်မှ တင်ရတာတော့ သက်ပြည့်ပင်စင် ပေါ့။ ဒါမျိုး အရင်တုန်းကရှိခဲ့လား ဆိုတာတော့ မကြားဖူးဘူး။ ဆေး ပင်စင်ပဲကြားဖူး တယ်။ ဘောင် ဝင်တဲ့သူတွေပဲ တင်လို့ရမှာ ပါ''ဟု မြောက် ဥက္ကလာအထက(၁) မှ ဆရာမတစ်ဦးက ပြောသည်။

သတင်းအပြည့်အစုံသို့=>http://goo.gl/mkiYAj

အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top