0


သီဟကိုကို| သောကြာနေ့၊့ ၊ နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၁၃ ခုနှစ်

ထိုင်းနိုင်ငံ၏ အရေးအခင်းများကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအတွက် အကျိုးသက်ရောက်မှုရှိမည် မဟုတ်ဟု ခရီးသွားလုပ်ငန်းရှင်များက မဇ္ဈိမသို့ ပြောသည်။

မြန်မာနိုင်ငံသို့ အများဆုံးလာရောက် လည်ပတ်သည့် နိုင်ငံခြားခရီးသွားများသည် ထိုင်းနိုင်ငံမှတစ်ဆင့် လာရောက်မှုအများဆုံးဖြစ်ရာ ယခုအချိန်ထိ ထိုင်းနိုင်ငံလေဆိပ်များ၏ လုပ်ငန်းစဉ်များ ပုံမှန်လည်ပတ် နေခြင်းကြောင့် ပြည်ပခရီးသွားလာရောက်မှု ထိခိုက်မှုမရှိနိုင်ဟု ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (Myanmar Tourism Federation) ၏ အထွေထွေအတွင်းရေးမှူး ဦးဖြိုးဝေရာဇာ က “ထိုင်းလေဆိပ်တွေက ပုံမှန်လည်ပတ်နေတယ်၊ ကျွန်တော်တောင် အလုပ်ကိစ္စနဲ့ ဒီနေ့ပဲ ဘန်ကောက်သွားပြီ၊ သူတို့ Impact ကြောင့်တော့ ထိခိုက်ဖို့မရှိဘူး၊ သူတို့ကြောင့် ကျွန်တော် တို့မှာ ခရီးသွားတွေ ပြုံဝင်လာဖို့လည်း မဖြစ်နိုင်ဘူး၊ ပုံမှန်ပဲ” ဟု မဇိ္ဈမသို့ နိုဝင်ဘာ ၂၈ တွင် ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားများသည် ၃ လ ၀န်းကျင်မှ ၆ လ၀န်းကျင် အတွင်း ကြိုတင် (Booking) ခရီးစဉ်ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ထိုင်းအခြေအနေများကြောင့် ခရီး စဉ် ပြင်ဆင်ပြောင်းလဲရန် မလွယ်ကူဟု ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ ပြီးခဲ့သည့် တနင်္ဂနွေမှ စတင်ကာ လက်ရှိအချိန်ထိ ဆန္ဒပြမှုများပြင်းထန်နေသည်။

ထိုင်းနိုင်ငံသည် Tourism Business အား အဓိကထား ဆောင်ရွက်သည့်နိုင်ငံဖြစ်သည့်အတွက် ၂၀၀၆ ခုနှစ်က ဖြစ်ခဲ့သည့် (အာဏာသိမ်းမှုကြောင့်) ခရီးသွားလုပ်ငန်းများ ထိခိုက်မှုရှိခဲ့သည့် အမှားမျိုးကို ကာကွယ်သွားမည်ပင်ဖြစ်သည်။ ယင်းကာလကပင်လျှင် မြန်မာနိုင်ငံသို့ ခရီးသွား တိုးလာခြင်းမရှိသည့် အတွက် လက်ရှိအခြေအနေသည် ထိုင်းအရေးအခင်းကြောင့် ခရီးသွားတိုးလာရန်လည်း မဖြစ်နိုင်ဟု လုပ်ငန်းရှင်တို့က ဆိုသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ၏ အထွေထွေအတွင်းရေးမှူး ဦးနှောင်းနှောင်း ဟန်က “ထိုင်းကြောင့် မြန်မာကိုလာတဲ့ Tourist တွေ Cancel ဖြစ်တာမရှိပါဘူး၊ ဟိုမှာလည်း ခရီးသွား တွေလည်ပတ်မှုက ပုံမှန်ပဲရှိနေပါသေးတယ်” ဟု ပြောသည်။

ယခုအချိန်သည် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားလာရောက်လည်ပတ်မှု အများဆုံးကာလတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသို့လာရောက်ခြင်းသာဖြစ်ပြီး ထိုင်းအရေးကြောင့် တိုးလာခြင်းမဟုတ်ကြောင်း ခရီးသွား လုပ်ငန်းအသိုင်းအ၀ိုင်းက ပြောသည်။

ခရီးသွားလုပ်ငန်းရှင်တစ်ဦးက“ မြန်မာကို လာချင်ရင်တောင် ခုချိန်ကHighest Season အချိန်ဆိုတော့ ဟိုတယ်တွေနဲ့ ခရီးသည်ကMaximum အနေအထားပါ၊ ထိုင်းဖြစ်သွားလို့ တခြားလှည့်ထွက်မဲ့ ခရီး သွားတွေရဲ့ဦးစားပေးတော့ မဖြစ်လာနိုင်ဘူး၊ တခြားဒေသတွင်းနိုင်ငံတွေရှိပါသေးတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ ကြိုတင်စီစဉ်မှုဖြင့် လာရောက်သည့် ခရီးသွားအုပ်စု (Tour) များအနေဖြင့် တိုးလာရန် မဖြစ်နိုင်ဘဲ FTI (တစ်ဦးချင်းလာရောက်သည့်) ခရီးသည်များကလည်း ဈေးနှုန်းပိုမိုသက်သာသည့် ဒေသတွင်း နိုင်ငံများသို့သာ သွားနိုင်ကြောင်း ဧည့်လမ်းညွှန်များက ပြောသည်။

မြန်မာနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ အောက်တိုဘာ တစ်လလုံး ခရီးသည် ၆၇,၀၀၀ ကျော် ၀င်ရောက်ခဲ့ သည်။ ယခင်နှစ် အောက်တိုဘာကမူ ၅၇,၀၀၀ ကျော်သာ ၀င်ရောက်ခဲ့သည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmese < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top