0


23.11.2013

လက်ဗီးယားနိုင်ငံ မြို့တော် ရီဂါမှ မက်ဆီမာအမည်ရှိ ဈေးဝယ် စင်တာကြီး တစ်ခုမှ အမိုးပြိုကျခဲ့သဖြင့် လူပေါင်း ၄၅ဦးသေဆုံးပြီး ဒါဇင်နှင့်ချီသော လူများ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

နိုဝင်ဘာ ၂၁ရက် ဒေသစံတော်ချိန် ညနေ၆နာရီခန့်က အမိုးပြိုကျချိန်တွင် ဈေးဝယ်သူ အများအပြားနှင့် စည်ကားနေသည့် အချိန်ဖြစ်သည်။

အလုပ်မှ အိမ်ပြန်လာသူများ ဈေးဝယ်လေ့ရှိသည့် အချိန်ဖြစ်၍ ယခုကဲ့သို့ အဖိတ်အဆင် များရခြင်းဖြစ်သည်။

ပြိုကျသည့် အမိုးပျက်အောက်တွင် ပိတ်မိနေသော သူများလည်း ရှိနေသေးသည်။ အရေအတွက် မည်မျှ ပိတ်မိနေသည်ကို မသိရသော်လည်း ပိတ်မိသူများနှင့် ပတ်သတ်သူ ၂၅ဦးကမူ အပျက်အစီးနားတွင် စောင့်နေကြ သဖြင့် အမိုးပိနေသူပေါင်းမှာ ၂၅ဦးနှင့် အထက်ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။

မက်ဆီမာမှ တာဝန်ရှိသူတစ်ဦးက ၀န်ထမ်းငါးဦး ထိခိုက်မှုရှိခဲ့ပြီး နှစ်ဦးကို ဆေးရုံတင်နိုင်ခဲ့သော်လည်း ကျန်သုံးဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ဆိုသည်။

ရဲများက ယခုဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

ဒေသတွင်းမီဒီယာများကမူ အလုပ်သမားများသည် ဈေးဝယ်စင်တာ ခေါင်မိုးပေါ်တွင် ဥယျာဉ်တစ်ခု တည်ဆောက်နေ ခဲ့သည်ဟု ဆိုသည်။

မက်ဆီတာ စင်တာသည် မီတာ၅၀၀ ပတ်လည် အကျယ်ရှိပြီး ၂၀၁၁ခုနှစ်က စတင်ဖွင့်လှစ်ချိန်တွင် ပိသုကာဆုပင် ရခဲ့သော အဆောက်အဦဖြစ်သည်။

ဥရောပတိုက်၏ အရှေ့မြောက်ဖျားတွင် ရှိသော လက်ဗီယားနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း မြင့်လျှင်မြန်စွာ မြင့်တတ်ခဲ့ပြီး လာမည့်နှစ်တွင် ဥရောပဇုံထဲတွင် ပါဝင်ခွင့် ရမည့် နိုင်ငံဖြစ်သည်။

Ref: Al jazeera

အေးချမ်းမွန် Credit To >The Myanma Age https://www.facebook.com/excellencemedia
5

Post a Comment

 
Top