0


ကွန်းချမ်း|ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၆ ရက် ၂၀၁၃ ခုနှစ်

မွန်တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင်ပန်းသာ ပြုစုထားသည့် “မွန်နိုင်ငံရေး လှုပ်ရှားမှုသမိုင်း အတွေ့အကြုံ”စာအုပ်ကို ယခုနှစ်မကုန်မီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ၎င်း၏မြေးဖြစ်သူ ကိုသူက ပြောသည်။

စာအုပ်ထုတ်ဝေရေး စီစဉ်သူလည်းဖြစ်သည့် ကိုသူက “ကျွန်တော်တို့ မိသားစုဝင်တွေ ဦးစီးပြီး အဘိုး ကိုယ်တိုင်ရေးခဲ့တဲ့ စာတွေကို စုစည်းပြီး စာအုပ်ထုတ်ဝေဖို့ ကြိုးစားခဲ့တာ၊ အခုတော့ အသင့်ဖြစ်ပါပြီ” ဟု ပြောသည်။

အခန်း ၁၉ ခန်းနှင့် စာမျက်နှာ ၃၀၀ ကျော် ပါရှိသည့် ယင်းစာအုပ်တွင် မြန်မာနိုင်ငံ အောက်ပိုင်းသို့ အင်္ဂ လိပ်တို့ ၀င်ရောက်ချိန်မှ စတင်ထားကာ ၎င်းဖြတ်သန်းခဲ့သည့် လွတ်လပ်ရေးရုန်းကန်မှု အပါအ၀င် တော် လှန်ရေး၊ နိုင်ငံရေးအတွေ့အကြုံများ၊ မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့အကြား ငြိမ်းချမ်းရေးရရှိရန် ကြိုး စားအားထုတ်ခဲ့ပုံ (၁၉၉၀-၁၉၉၅) များ ပါဝင်သည်။

နိုင်ပန်းသာ မကွယ်လွန်မီက ရေးသားခဲ့သည့်စာမူများသည် သူ၏လုပ်ဖော်ကိုင်ဖက်အချို့က သိမ်းဆည်း ထားပြီး ပြန်လည်စုစည်းရာတွင် အဆင်မပြေမှုများ ရှိခဲ့သည်ဟုလည်း ကိုသူက ပြောသည်။

လွတ်လပ်ရေးမတိုင်မီက ကျောင်းဆရာတစ်ဦးဖြစ်သည့် နိုင်ပန်းသာသည် လွတ်လပ်ရေးရပြီးစ ၁၉၄၈ ခုနှစ်၊ သြဂုတ်လတွင် မွန်လူငယ်များကို ဦးဆောင်ကာ ကရင်ပြည်နယ်၊ ဇာသပြင်ရွာရဲစခန်းမှ လက်နက် များကို သိမ်းယူပြီးနောက် မွန်လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သည့် ခေါင်းဆောင်တစ်ဦး ဖြစ် သည်။

၁၉၅၈ ခုနှစ် မွန်ပြည်သူ့တပ်ဦး ဖဆပလအစိုးရထံ လက်နက်အပ်စဉ် ပါဝင်ခဲ့ပြီး မွန်ပြည်သစ်ပါတီသို့ ပြန် လည်ရောက်ရှိကာ ၁၉၉၀ ခုနှစ် ဧပြီလတွင် အသက်အရွယ် ကြီးရင့်လာသည့်အတွက် ဗဟိုအလုပ်အမှု ဆောင်ကော်မတီအဖြစ်မှ အနားယူခဲ့သည်။

၎င်းနောက် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးနှင့် ဆက်သွယ်ပြီး ၁၉၉၂ ခုနှစ် မတ်လတွင် န၀တ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) အစိုးရထံ လက်နက်ချခဲ့ပြီး အသက် ၈၄ နှစ်အရွယ် ၂၀၀၅ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ နေအိမ်၌ ကွယ်လွန်ခဲ့သည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmesehttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top