0

အောင်ကိုဦး| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၆ ရက် ၂၀၁၃ ခုနှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် မြို့ထွက်ဂိတ်တွင် နိုဝင်ဘာလ ၅ရက် ည၁၁နာရီခန့်က လုံခြုံရေးတာဝန်ကျစစ်တပ်မှ ကားတစ်စီးကို ရပ်ခိုင်းရာ မရပ်ဘဲမောင်းပြေးသောကြောင့် ပစ်ခတ်တားဆီးရာမှ ကားပေါ်တွင်ပါသူ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု မူဆယ်-မန္တလေးကားဂိတ်မှူး ကိုအောင်ဇော်ဝင်းက မဇ္ဈိမကိုပြောသည်။

ထိုသို့ဒဏ်ရာရရှိသူများကို မူဆည်မှ နံနက် ၆နာရီခန့်က မန္တလေးသို့ ခေါ်ဆောင်လာပြီဖြစ်ပြီး မန္တလေးမြို့ဆေးရုံကြီးသို့ ပို့ဆောင်မည်ဖြစ်ကာ ဆေးရုံသို့ နိုဝင်ဘာလ ၆ရက် ညပိုင်းတွင် ရောက်ရှိမည်ဟု မန္တလေးဆေးရုံကြီးမှ မှုခင်းရဲတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယင်းဖြစ်စဉ်အသေးစိတ်နှင့် ဒဏ်ရာရရှိသူများ၏ အခြေအနေကိုမူ မဇ္ဈိမက စုံစမ်း မေးမြန်းနေဆဲဖြစ်သည်။

(မဇ္ဈိမသတင်းဌာန)

အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top