နေပြည်တော်၊ နိုဝင်ဘာ ၆၅-၁၁-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် စေတုတ္တရာမြို့နယ်၊ ဖအိုင်းအနောက်ကျေးရွာနေ ဦးသန်းအေးမှ ကြီးချောင်းအတွင်း ရေနစ်သေဆုံးနေသောအလောင်းတစ်လောင်းတွေ့ရှိရကြောင်း အကြောင်းကြားသဖြင့် စေတုတ္တရာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာ သေဆုံးသူမှာ စေတုတ္တရာမြို့နယ်၊ စစ်ငန်ကျေးရွာအုပ်စု၊ ဆားတွင်းကျေးရွာနေ ကျော်စိုးမောင် (ခ)မောင်ဖုန်း(၂၉)နှစ်ဖြစ်ပြီး ၎င်း၏၀ဲဘက်ချိုစောင်းတွင်ပွန်းပဲ့ဒဏ်ရာ(၁)ချက်၊ ၀ဲဘက်နားထင်ဖူးရောင် ဒဏ်ရာ(၁)ချက်ရရှိပြီး ရေနစ်သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသည်။ စစ်ဆေးချက်အရ သေဆုံးသူမှာ ၄-၁၁-၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန်က ဖအိုင်းအနောက်၊ ကြီးချောင်းထိပ်ရှိ မောင်ကိုခိုင်မင်းဦး၏ အရက်ဆိုင်မှ အရက်သောက်စားမူးယစ်ပြီး ဆားတွင်းရွာရှိ ၎င်း၏နေအိမ်သို့အပြန် ကြီးချောင်းအတွင်း ရေနစ်သေဆုံးခြင်းဖြစ်ကြောင်းသိရသဖြင့် စေတုတ္တရာမြို့မရဲစခန်း၊သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးချက်ရှိကြောင်း သတင်းရရှိသည်။
အေးချမ်းမွန် Credit To > ရဲဇာနည် https://www.facebook.com/excellencemedia
Top
Post a Comment