နေပြည်တော်၊ နိုဝင်ဘာ ၆
၅-၁၁-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် ကချင်ပြည်နယ်၊ အမှတ်(၁)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ဗန်းမော်)မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ မိုးမောက်မြို့နယ်၊ ကျောက်စခန်းကျေးရွာနှင့် မိုးမောက်မြို့အကြား၊ တကော်ကျေးရွာ လမ်းခွဲတွင် လွယ်ဂျယ်မှမိုးမောက်သို့ မိုးညှင်းမြို့နယ်၊ နန့်ပဒဲကျေးရွာနေ ဇော်လင်းအောင်(၂၄)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ မဆိုင်းငွေ(၄၄)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်အားရပ်တန့်စစ်ဆေး ရှာဖွေခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ ဆိုင်ကယ်ဝဲ/ယာဒူးကာအတွင်း အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် ၈၈ နှင့် ၁ စာတမ်းတစ်ဖက်စီပါ အနီရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား စီပါ(၄၇)ထုပ်၊ ၁၆၀ ပြားပါ(၁)ထုပ်၊ စုစုပေါင်းဆေးပြား(၉၅၆၀)ပြား၊ အလေးချိန်(၉၅၆)ဂရမ်၊ တန်ဘိုး ငွေကျပ်(၁၉၁၂၀၀၀၀ိ/-)အား သိမ်းဆည်းရမိခဲ့သောကြောင့် ဇော်လင်းအောင်နှင့်မဆိုင်းငွေတို့အား မိုးမောက်မြို့မရဲစခန်း မယ(ပ)၄၇/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၀၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
အေးချမ်းမွန် Credit To > ရဲဇာနည်
http://ayechanmon-news1.blogspot.com/
Post a Comment