0

Friday, November 8, 2013

ထိုင်းနိုင်ငံမှာ အငြင်းပွားစရာဖြစ်နေတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပေဒကို ကန့်ကွက်တဲ့အနေနဲ့ ထောင်နဲ့ချီတဲ့လူတွေဟာ မြို့တော်ဘန်ကောက်မှာ စုရုံးပြီးဆန္ဒပြနေပါတယ်။

လက်ရှိ ထိုင်းနိုင်ငံအစိုးရက လုပ်ဆောင်နေ လွတ်ငြိမ်းချမ်းသာခွင့်ဥပေဒ အတည်ပြုနိုင်ရေးကို အတိုက်အခံပါတီဖက်က မလိုလားပဲ ပယ်ဖျက်ချင်
တာဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ ဒီလွတ်ငြိမ်းချမ်းသာခွင့်ဥပဒေဟာ ပြည်ပ
မှာနိုင်ငံရေးခိုလုံနေတဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Thaksin Shinawatra အား ထိုင်းနိုင်ငံထဲပြန်လာခွင့်ရမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

လမ်းမပေါ်ထွက်ပြီး ဆန္ဒပြနေကြတဲ့လူတွေဟာ အယောက်ပေါင်း ၂သောင်း
လောက်ရှိတယ်လို့ ဆိုကြပေမယ့် အတိုက်အခံဖက်ကတော့ ငါးသောင်း
လောက်ရှိတယ်လို့ဆိုပါတယ်။

ဒီလွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကို ဆီနိတ်က ပယ်ချခဲ့မယ်ဆိုရင်တော့ အတင်းဆက်လက် တင်သွင်းမှာမဟုတ်ဘူးလို့ အစိုးရဖက်ကပြောပါတယ်။

အေးချမ်းမွန် Credit To >ABC https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top