0

Friday, November 8, 2013

ဖိလိပိုင်နိုင်ငံမှာ Haiyan လို့ခေါ်တဲ့ မုန်တိုင်းကြီး ဝင်ရောက်မှာဖြစ်တဲ့အတွက် လူပေါင်းမြောက်များစွာကို နေရာပြောင်းရွေ့မှု လုပ်ထားသလို၊ စာသင်ကျောင်းတွေ ပိတ်ထားပြီး လေယာဉ်၊ သင်္ဘော ပြေးဆွဲမှုတွေ ရပ်တန့်ထားပါတယ်။

တစ်နာရီကို လေတိုက်နှုန်း ကီလိုမီတာ ၃၃၀ ရှိတဲ့ မုန်တိုင်းကြီးက ဒီကနေ့မနက် ဖိလိပိုင်နိုင်ငံမှာ ကျရောက်ဖို့ရှိတဲ့အတွက် အပျက်
အစီးတွေ၊ ရေကြီးမှုတွေ ဖြစ်နိုင်တယ်လို့ ကြိုတင်ခန့်မှန်းနေကြတာ
ဖြစ်ပါတယ်။

Haiyan မုန်တိုင်းဟာ Samar ကျွန်းကို အဓိက ဝင်ရောက်ဖို့ရှိပြီး အဲဒီနောက် ဖိလိပိုင်နိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး စနေနေ့
ကျရင် တောင်တရုတ်ပင်လယ်ဖက်ကို ရောက်ရှိဖို့ ရှိနေပါတယ်။

မုန်တိုင်းဝင်ရောက်မယ်ဆိုတဲ့ ဒေသဟာ ၂၀၁၁ ခုနှစ်တုန်းကပဲ အင်အားကြီး ငလျင်ဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ ဒေသဖြစ်ပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်နေဆဲအချိန်မှာ ခုလို မုန်တိုင်းဒဏ် ထပ်မံ ခံရမယ့်အနေအထားကြောင့် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

ငလျင်ဒုက္ခသည် အယောက်ပေါင်း ငါးထောင်ဟာ ခုချိန်ထိ ယာယီတဲတွေ
မှာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။

ဖိလိပိုင်နိုင်ငံကို ဒီကနေ့ ဝင်ရောက်မယ့် မုန်တိုင်းဟာ ဒီနှစ်အတွက် ကမ္ဘာ့အပြင်းထန်ဆုံး မုန်တိုင်းဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ဖိလိပိုင်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ ဘိုဖာမုန်တိုင်းဟာ
လည်း ကမ္ဘာ့အပြင်းထန်ဆုံး မုန်တိုင်းဖြစ်ခဲ့ပြီး အဲဒီမုန်တိုင်းကြောင့် လူပေါင်း ၂၀၀၀ လောက် သေဆုံး၊ ဒါမှမဟုတ် ပျောက်ဆုံးခဲ့ပါတယ်။

အေးချမ်းမွန် Credit To >ABChttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top