0

ရန်ကုန်၊ နိုဝင်ဘာ ၆

ပြည်ပမှ အစားထိုးတင်သွင်းရန်အတွက် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံရာ၌ ကားဟောင်းစလစ် ထောက်ခံချက် ထုတ်ပေးရာတွင် ဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့ကြောင်း ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံသူများထံမှတစ်ဆင့် သိရသည်။
မှတ်ပုံတင်သက်တမ်း ကြာမြင့်သော ဖျက်သိမ်းယာဉ် ထောက်ခံချက်တွင် ယခင်က ယာဉ်အမှတ်၊ အမျိုးအမည်၊ အမျိုးအစား၊ စက်အမှတ်၊ ဘောင်အမှတ်၊ ဆေးရောင်၊ ကုန်ဆုံးရက်၊ ပိုင်ရှင်အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ် လိပ်စာ စသည့်အချက်များ ပါဝင်ခဲ့သော်လည်း ယခုအခါ စက်အမှတ်၊ ယာဉ်အမှတ်၊ ကုန်ဆုံးရက်တို့ကို ထည့်သွင်းမဖော်ပြတော့ဘဲ ထုတ်ပေးမည် ဖြစ်သည်။
ထို့ပြင် ထောက်ခံချက်အတွက် ဌာနဆိုင်ရာ အကြီးအကဲ များ၏ ထောက်ခံချက်လက်မှတ်၊ ရယူရာတွင်လည်း ယခင် လက်မှတ် ငါးခုနေရာတွင် ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန၏ လက်မှတ်တစ်ခုတည်းဖြင့်သာ အတည်ပြု ဆောင်ရွက်နိုင်မည် ဖြစ်သည်။
အခြားသတင်းတစ်ရပ်အရ မြင်းခြံအမှတ်(၁) သံမဏိစက်ရုံတွင် အပ်နှံသော အရည်ကျိုကားများကို သင်္ဘောဖျက် စက်ရုံအတိုင်း ပုံစံ(စ) အပ်နှံလက်ခံစာရွက်ကို တံဆိပ်တုံး ရိုက်နှိပ်ပေးခဲ့ကြောင်း ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံသူများထံမှ သိရသည်။

အေးချမ်းမွန် Credit To >Automobile Journal https://www.facebook.com/excellencemedia

Post a Comment

 
Top