0


ဒါကာ နိုဝင်ဘာ ၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ ဆာမာဆင်ခြင်ဖုံး ဒေသရှိ မီးသတ်ဌာန တစ်ခုကို အထည်စက်ရုံ အလုပ်သမား တစ်ထောင်ခန့်က တိုက်ခိုက် ခဲ့ပြီးနောက် ရဲတပ်ဖွဲ့နှင့် အလုပ်သမားများ အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ၅၀ ဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုသည် အမျိုးသမီး စက်ရုံ အလုပ်သမား တစ်ဦးအား မီးသတ် ဝန်ထမ်းများက ညှဉ်းပန်းနှိပ်စက်မှု ပြုလုပ်ခဲ့သည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ် ခဲ့ရာမှ နိုဝင်ဘာ ၂၄ ရက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုများ အတွင်း စက်ရုံ အလုပ်သမားများသည် ၄င်းမီးသတ် ဌာနရှိ ပြတင်းပေါက်များ၊ ပရိဘောဂ ပစ္စည်းများကို ရိုက်ချိုးခဲ့ကြသည့် အပြင် မီးသတ်ယာဉ် ၁၂ စီးကိုလည်း ဖျက်ဆီး ခဲ့ကြောင်း သိရသည်။


အေးချမ်းမွန် Credit To >မြ၀တီ
2

Post a Comment

 
Top