0

ခတ္တမန္ဒူ နိုဝင်ဘာ ၂၆

နီပေါနိုင်ငံတွင် လွန်ခဲ့သော သီတင်းပတ် အတွင်းက ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ထောက်ခံမဲများကို ရေတွက်ခဲ့ရာတွင် ကနဦး မဲရေတွက်မှု ရလဒ်များအရ နီပေါ ကွန်ဂရက် ပါတီက အတိုက်အခံ ကွန်မြူနစ် ပါတီနှစ်ခုထက် မဲအရေအတွက် ပိုမိုရရှိခဲ့ပြီး ဦးဆောင်လျက် ရှိသည်ဟု နိုဝင်ဘာ ၂၅ ရက်တွင် နီပေါ ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။

ပထမပိုင်း မဲရေတွက်မှုတွင် နီပေါကွန်ဂရက် ပါတီသည် လွှတ်တော် အမတ်နေရာ ၂၄ဝ တွင် ၁ဝ၅ နေရာကို ရရှိခဲ့ပြီး နီပေါ ကွန်မြူနစ် ပါတီက အမတ်နေရာ ၉၁ နေရာနှင့် နီပေါ ပြည်ထောင်စု ကွန်မြူနစ် ပါတီက အမတ်နေရာ ၂၅ နေရာကို ရရှိထားခဲ့သည်ဟု သိရသည်။

ယခုအချိန်တွင် ဒုတိယပိုင်း မဲရေတွက်မှုကို စတင် လုပ်ဆောင်လျက်ရှိပြီး နောက်ဆုံးအနိုင် ရရှိမှု ရလဒ်ကို ယခုသီတင်းပတ် အကုန်တွင် ထုတ်ပြန်နိုင်မည်ဟု မျှော်မှန်းရကြောင်း ရွေးကောက် ပွဲ ကော်မရှင်က ပြောကြားသည်။


အေးချမ်းမွန် Credit To >မြ၀တီ

Post a Comment

 
Top